Ep (17)

9.4K 829 57
                                    

ဟိုတယ်အခန်းထဲမှာ bossနှင့်သူနှစ်ယောက်ထဲရှိတာကြောင့် ramsayအနေနဲ့ စိတ်ချလက်ချအိပ်မပျော်နိုင်သလို အိပ်လို့လဲမရခဲ့။ မီးပိတ်လိုက်တာကြောင့် အခန်းထဲအမှောင်ထုက ကြီးစိုးသွားပေမဲ့ လိုက်ကာတွေကြားမှ ထိုးဖောက်ဝင်ရောက်လာသည့် ရုရှားမြို့၏ညမီးရောင်စုံတွေက အခန်းထဲမှ အရာဝတ္ထုအချို့ကို ရေးရေးလေးမြင်နိုင်သေးသည်။

ကုတင်ပေါ်မှာ ငြိမ်သက်စွာလဲလျောင်းနေသည့် ခန္ဓာကိုယ်ပိုင်ရှင်လေးက အသက်၃၅နှစ်ဆိုတာ ramsayအနေနှင့် ဘယ်လိုမှယုံကြည်လို့မရ။ Bossကိုစတွေ့ထဲက သူ့ထပ်ငယ်မယ်လို့ပဲ ယူဆခဲ့တာကြောင့် အသက်ကြီးနေတယ်ဆိုတာကိုလဲ လက်သင့်မခံနိုင်။

နေရာသစ်ဖြစ်တာကြောင့် အရာရာကိုသတိအနေအထားဖြင့် စောင့်ကြည့်ရမည်။ ဒါကတော့ ramsayတို့အေးဂျင့်ဌာနကနေ ခေါင်းထဲရိုက်သွင်းကာ သင်ကြားပေးလိုက်သည့် အခြေခံသင်ခန်းစာတစ်ခုပင်။

​အခန်းမီးပိတ်ပြီး ခဏအကြာမှာ bossအသက်ရှုသံမှန်မှန်နှင့် အိပ်ပျော်သွားလေပြီ။ ramsay ဆိုဖာပေါ်လှဲနေရာက ထထိုင်လိုက်ပြီး ခြေသံဖွဖွလေးဖြင့် တစ်ခန်းလုံးကို လိုက်စစ်ဆေးသည်။ စစ်ဆေးပြီးလို့ ဆိုဖာပေါ်ပြန်လှဲသည်အထိ ramsayစိတ်ထဲ ဘဝင်မကျဖြစ်နေသလိုပင်။ တစ်ခုခုထူးဆန်းနေတယ်လို့လဲ ခံစားနေရသည်။

မနက်၂နာရီကျော်တဲ့အချိန်မှာ ရေချိုးခန်းထဲမှ အသံအချို့ကို ကြားလိုက်ရတာကြောင့် ramsayနားစွင့်ရတော့သည်။ ရေချိုးခန်းထဲမှ ခြေထောက်ချသံကို နားထောင်ရပုံအရ ရေချိုးခန်းမျက်နှာကျက်က ဝင်လာတာဖြစ်ရမည်။ ခြေလှမ်းသံနှင့် အသက်ရှုသံတွေကို မျက်စိမှိတ်ပြီး သေချာနားထောင်ချိန်မှာ သူတို့ဆီလာတဲ့ ဧည့်သည်က တစ်ယောက်ထဲမဟုတ် သုံးယောက်။

ramsayသူနဲ့မလှမ်းမကမ်းမှာ ရှိနေသည့်ကျောပြင်လေးကို တစ်ချက်လှမ်းကြည့်လိုက်ရင်း စိတ်ထဲကရေရွတ်မိလိုက်သည်က 'ကျွန်တော်ရှိနေသ၍ Bossကိုဘယ်သူမှ လက်ဖျားနဲ့တောင် ထိခွင့်မရစေရဘူး'

တိတ်တဆိတ်လှုပ်ရှားနေသည့် လူသုံးယောက်ရှေ့မှာပိတ်ရပ်ရင်း အသံတိတ်စိန်ခေါ်ပွဲစလိုက်သည့်ramsay။ သုံးယောက်လုံးကို တစ်ပြိုင်ထဲချနိုင်ပေမယ့် နှစ်ယောက်ကသူ့ကိုမြှားကာပိတ်ထားပြီး ကျန်တဲ့တစ်ယောက်ကိုbossနားသွားဖို့ မျက်နှာရိပ်မျက်နှာကဲပြသည်။

DestinéTempat cerita menjadi hidup. Temukan sekarang