Ep (52)

5.1K 638 63
                                    

တစ်ဖက်မှအရောင်းအဝယ်ကိစ္စပြီးပြတ်သွား၍ စကားစမြည်ပြောရင်း ramsayလာကြိုတာကိုထိုင်စောင့်နေချိန် ထင်မှတ်မထားသောသတင်းစကားတစ်ခုက sorelကိုသွေးပျက်စေခဲ့သည်။ ramsayမောင်းလာသည့်ကားက ပေါက်ကွဲမှုဖြစ်တာတဲ့လား။ လုံးဝမယုံကြည်နိုင်စရာပင်။

sorelသေချာအောင် အိမ်ကိုလှမ်းမေးလိုက်သေးသည်။ ကျန်တဲ့သူတွေဆီကကြားရတဲ့သတင်းစကားထက် sorelအိမ်မှလာသည့်သတင်းစကားကပိုတိကျမှန်ကန်သည်။ ramsayရဲ့ကားပေါက်ကွဲတာသေချာကြောင်း အတည်ပြုလိုက်သည့်အခါမှာ sorelဆောက်တည်ရာမရဖြစ်ရတော့သည်။

"တစ်ယောက်ယောက်ရဲ့ကားသော့ ငါ့ကိုအမြန်ပေးစမ်း"

sorelနှင့်အတူပါလာသည့်တပည့်လေးမှာ ချက်ချင်းပင်ကားတစ်စီးအမြန်ရှာပေးလိုက်ရသည်။ ကားရတာနှင့် ramsayရှိရာဆီ sorelအမြန်ဆုံးမောင်းရတော့သည်။ ကားမောင်းနေစဉ်အတောအတွင်း sorelသူ့ကိုယ်သူအကြိမ်အကြိမ်အခါခါ ကျိန်ဆဲနေမိသည်။

ramsayကသူ့ကိုအသုံးချနိုင်ကြောင်းပြောခဲ့ပေမဲ့ sorelအနေနဲ့ramsayကို ရဲဌာနနှင့်ပတ်သက်သောသတင်းအချက်အလက်အတွက်သာ အသုံးချဖို့စိတ်ကူးခဲ့သည်။ ဟိုနေ့ကsorelဘာစိတ်ရူးပေါက်ခဲ့မိလဲမသိ ဒယ်ဒီကညကြရင်လာမယ်လို့ စာပို့တာမြင်ပြီး ramsayကိုတခြားနည်းနဲ့အသုံးချခဲ့မိသည်။

အခုတော့မကောင်းတဲ့အသုံးချခြင်း၏ဆိုးကျိုးအနေနဲ့ ramsayအသက်အန္တရာယ်ရှိနေပြီဖြစ်သည်။ sorelကိုယ်တိုင်လည်း သတိလက်လွတ်ဖြင့် ramsayကိုဒယ်ဒီ့ဆီလွှတ်လိုက်မိသည်လေ။ ခြင်္သေ့ဂူထဲကိုသူကိုယ်တိုင် သွင်းပေးခဲ့မသလိုဖြစ်သွားသည်။

ကားပေါက်ကွဲမှုဖြစ်ပွားရာနေရာကိုရောက်သည့်အခါ ရဲတွေကအနားမကပ်ဖို့သတိပေးနေတာကိုတွေ့ရသည်။ ကားတစ်စီးလုံးမီးတွေဟုန်းဟုန်းတောက်လောင်မြိုက်နေတာကြည့်ပြီး sorelရူးချင်သလိုလိုဖြစ်သွားသည်။ ရဲတွေတားနေသည့်ကြားက ထိုကားနေရာကိုပြေးသွားဖို့လုပ်သည်။ ရဲ၃၊၄ယောက်လောက်က sorelကိုအတင်းဖမ်းချုပ်ထားရသည်အထိ

"ငါ့ကိုလွှတ်ကြစမ်း အဲ့ကားထဲမှာငါ့လူရှိတယ်။ ဖယ် မင်းတို့ဖယ် ငါ့လူကိုငါသွားကယ်ရမယ်"

DestinéWhere stories live. Discover now