အချိန်ခဏလေးအတွင်း Boss၏ယုံကြည်မှုကို ရလိုက်ခြင်းက ramsayအတွက် ကံကောင်းသည့်အခြေအနေပင်။ သို့ပေမယ့် သစ္စာဖောက်ခြင်းကိုသာ ခဏခဏခံနေရသည့် Bossအတွက်တော့ သူလဲမတတ်နိုင်။
သူကိုယ်တိုင်လဲ Bossဆီကသတင်းတွေ နှိုက်ယူချင်တာကြောင့် ယုံကြည်လို့ရတဲ့သူအဖြစ် ဟန်ဆောင်နေတာပဲ မဟုတ်ဘူးလား။ သူ့လိုမျိုးလူတွေ ဘယ်နှစ်ယောက်နဲ့များ Bossကြုံတွေ့ခဲ့ရပြီးပြီလဲ။ နောက်ထပ်ရော ဘယ်နှစ်ယောက်လောက်များ ရှိနေဦးမှာလဲ။
ပြီးတော့ Bossရဲ့အသက်ကရော ဘယ်နှစ်ခါလောက်များ ခြိမ်းခြောက်ခံခဲ့ရပြီးပြီလဲ။ တွေးနေရင်းနဲ့ ဟိုနေ့ကအဖြစ်အပျက်တွေ မျက်လုံးထဲ ပေါ်လာခဲ့သည်။ ကျွန်တော်သာ မျက်စိလျင်လျင်နဲ့ မတွေ့ခဲ့ရင် ခုချိန်Boss ဘာများဖြစ်နေမလဲ။
Bossအသက်အန္တရာယ်နဲ့ ကြုံတွေ့ရတာက ဒီတစ်ခါနောက်ဆုံးအကြိမ်ဖြစ်ပါစေ။ နောက်ဆုံးအကြိမ်ဖြစ်အောင်လို့လဲ ကျွန်တော်က ကာကွယ်စောင့်ရှောက်ပေးမှာပါ။
ဒီလိုဆိုးရွားတဲ့လမ်းကနေ ရအောင်ဆွဲထုတ်ပြီး ကောင်းမွန်တဲ့ဘဝနဲ့ နေထိုင်နိုင်အောင်လဲ ကျွန်တော်တတ်နိုင်သလောက်ကြိုးစားမှာပါ။
ခင်ဗျားလို အရိုင်းအစိုင်းအတွက်နဲ့ ကျွန်တော့်မှာခေါင်းခြောက်နေရပြီ။ ခင်ဗျားက လူတွေကိုဖမ်းစားထားနိုင်တဲ့ စုန်းအတတ်တွေရော တတ်တာလားလို့ ကျွန်တော်မသင်္ကာဖြစ်မိတယ်။
နောက်တစ်နေ့မနက်မှာ Bossကသူ့နောက်လိုက်ခဲ့ဆိုပြီး အမိန့်ပေးလာတော့ လိုက်ရပြန်သည်။ တံခါးတွေ အထပ်ထပ်ဖြတ်လို့အပြီးမှာ မီးတောက်ပြင်းပြင်းပေါ်က အိုးထဲကို ရွှေချောင်းတွေ ပစ်ထည့်နေသည့် မြင်ကွင်းကို မြင်လိုက်ရတာကြောင့် ramsayအံ့ဩလို့သွားရသည်။
ထိုအိုးထဲမှ အရည်ကျိုထားသည့် ရွှေတွေကို ပုံစံခွက်ထဲသို့ လောင်းထည့်နေသူတွေက တစ်ဖွဲ့။ အနုစိတ်ပုံဖော်နေသူက တစ်ဖွဲ့။ အဖွဲ့တွေအများကြီးနဲ့ ဘာတွေထုတ်နေကြတာလဲ။ ဘဏ်ထဲက ရွှေချောင်းတွေကို ခိုးထားကြပြန်တာလား။
ဘဏ်ဖောက်တဲ့သတင်းလဲ မကြားမိပါဘူး။ ဒီရွှေချောင်းတွေ ဘယ်ကရတာပါလိမ့်။ ramsayစဉ်းစားနေစဉ်မှာပင် ကောင်လေးတစ်ယောက်က Bossကိုမြင်တော့ ပြာပြာသလဲပြေးလာပြီး
YOU ARE READING
Destiné
Action⚠️trigger warning ⚠️ Rape,Murder,Crime,Torture,violence ,Drugs,curse words ဤဝတ္ထုသည် လူသတ်မှု၊ မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုဇာတ်ကွက်များ ၊ ညစ်ညမ်းသောအသုံးအနှုန်းများ ပါဝင်ပါသဖြင့် အသက်မပြည့်သူများမဖတ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️trigg...