Ep (78)

5.4K 546 33
                                    

ဂိုဏ်းနေရာလုသည့်အဖြစ်အပျက်ကြောင့် sorelအိမ်ကြီးတစ်ခုလုံးပျက်စီးသွားခဲ့ပြီး sorelကိုယ်တိုင်လည်းဒဏ်ရာအနည်းငယ်ရကာ သတိလစ်မေ့မြောခဲ့သည်။ သို့ပေမဲ့ sorelသတိမေ့နေခဲ့တာက ခုလောက်ထိအချိန်တွေကြာမြင့်သွားမယ်မှန်းမထင်ထားခဲ့ပေ။ သူသတိရလာချိန်မှာ နေရာသစ်တစ်ခုနှင့်အတူ သူ့ရဲ့သွေးသားလေးသုံးယောက်က စောင့်ကြိုနေလေသည်။

"ramsay ငါဘယ်လောက်တောင်သတိမေ့မြောနေခဲ့တာလဲ"

"ကလေးမွေးပြီးချိန်အရဆို ၁လ အဲ့လိုမဟုတ်ဘဲ bossအနေနဲ့ပြန်ရောက်လာခဲ့တာဆိုရင်တော့ ၁၁လပဲ"

"bossအနေနဲ့ဆိုတော့ ငါ့ခန္ဓာကိုယ်ထဲဘယ်သူဝင်သွားသေးလို့လဲ။ မဟုတ်သေးပါဘူး ဘယ်ခွေးမသားလေးက ငါ့ခန္ဓာကိုယ်ကိုလာလုသွားရတာလဲ"

ramsayအနေဖြင့် ယခုလိုညင်သာနူးညံ့ခြင်းမရှိသည့်စကားသံတွေကို တမ်းတနေခဲ့တာကြာပြီဖြစ်သည်။ ထိုစကားသံလေးတွေပြန်ကြားယောင်မိတော့ လူကအလိုလိုပြုံးမိသွားသည်။ ဒါကိုမြင်လိုက်သည့်sorelက ဘုကြည့်ကြည့်ပြီး

"မင်းကဘာကိစ္စရယ်နေရတာလဲ။ ငါပြောတဲ့ထဲရယ်စရာတစ်ကွက်မှမပါဘူးနော်။ ဘာလဲ ဟိုအကောင်ကိုသတိရနေတာလား။ သွား ငါ့နားမလာနဲ့ ဆင်း ခုချက်ချင်းငါ့ကုတင်ပေါ်ကဆင်း"

အပြောကနောက်မှ အရင်ဆုံးလက်တွေ့အဖြစ် ramsayကိုကုတင်ပေါ်မှခြေထောက်နှင့်ဆောင့်ကန်ပြီးသားဖြစ်သည်။ ramsayမှာကြမ်းပြင်ပေါ်ကထရင်း ကုတင်ပေါ်ပြန်တက်ကာ sorelကိုရှင်းပြဖို့လုပ်လေတော့သည်။

"ကိုယ်ရှင်းပြတာလေး ဆုံးအောင်နားထောင်ပါဦးလားbaby။ နောက်မှကိုယ့်ကိုအပြစ်ပေးချင်သလိုပေး ဟုတ်ပြီလား"

ramsayရှင်းပြပြီးသွားချိန်မှာ sorelအူကြောင်ကြောင်လေးဖြစ်သွားရသည်။

"ဒီလိုကိစ္စကတကယ်ကြီး ငါ့ဆီမှာမှဖြစ်သွားတာလား။ ဒါဆိုအိပ်မက်ထဲမှာမင်းငါ့ကိုလာခေါ်တာက တကယ်ကြီးလာခေါ်တာပေါ့။ WTF ဘယ်လိုတောင်ဆန်းကျယ်တာလား။ သူကရောဘာလို့ငါနဲ့ချွတ်စွပ်တူနေရတာလဲ"

"သူကbabyပဲမလို့လေ။ ကိုယ်တို့နှစ်ယောက်အချိန်တွေအကြာကြီးလက်တွဲသွားနိုင်အောင်လို့ သူတို့တွေကတစ်စိတ်တစ်ဒေသပါဝင်ပေးခဲ့ရတာ။ ခုဆိုသူတို့လည်းသေချာပေါက် လွတ်မြောက်သွားလောက်ပြီ"

DestinéWhere stories live. Discover now