Ep (20)

9.6K 803 39
                                    

"ကျေး....ဇူး.. ခင်ဗျား...လက်က.. လွတ်...မြောက်..."

Hugoစိတ်တစ်ချက်လွတ်သွားချိန်မှာ ဘေဘီ့ကိုလည်ပင်းညှစ်မိသွားခြင်းဖြစ်သည်။ အသိစိတ်ပြန်ဝင်ချိန်မှာ လက်ကိုအမြန်ဖယ်ရှားလိုက်တာကြောင့် sorelမှာချောင်းတဟွတ်ဟွတ်ဆိုးပြီး ကြမ်းပြင်ပေါ်သို့ ဒူးထောက်လဲကျသွားသည်။

အသက်ရှုရအဆင်ပြေသွားချိန်မှာ မတ်တတ်ပြန်ရပ်ပြီး

"ဘာလို့အသေမသတ်တာလဲ ကျွန်တော့်ကို ကလေးတွေရောင်းစားနေတာကြည့်ပြီး စိတ်ဒုက္ခပေးချင်သေးတာလား။ ဘယ်အချိန်ထဲက ဒီအလုပ်ကိုပြန်လုပ်နေတာလဲ။ ဒါမှမဟုတ် ဒီလုပ်ငန်းကို လုံးဝမရပ်ပစ်ခဲ့တာလား"

Sorelမေးတာကို တစ်ချက်ပြုံးရင် ဆေးပြင်းလိပ်တစ်လိပ်ကို နှုတ်ခမ်းမှာတေ့ပြီး မီးညှိလိုက်သည်။

"ဘေဘီရပ်ခိုင်းတိုင်း ရပ်ပေးရအောင် လုပ်ငန်းဆိုတာမျိုးက ကစားစရာမဟုတ်ဘူးဆိုတာ ဘေဘီလဲသိတာပဲလေ"

Hugoဖြေလိုက်သည့်အဖြေကြောင့် စိတ်တွေကိုလျော့ချလိုက်ဟန် မျက်လုံးစုံမှိတ်ပြီး sorelပြောလိုက်သည်က

"ခင်ဗျားကျွန်တော့်ကို လိမ်ခဲ့တယ်။ ကတိမတည်ခဲ့ဘူး။ ကျွန်တော့်ကို နောက်ထပ်ဘာတွေလိမ်ထားတာရှိသေးလဲ။ အခုထဲကပြောထားပါလား။ နောက်မှသိရင် ကျွန်တော်ခင်ဗျားကို ပိုမုန်းမိလိမ့်မယ်"

"ဘေဘီ့မှာ ကိုယ့်ကိုမုန်းပိုင်ခွင့်ရှိလို့လား"

sorelခါးခါးသီးသီးပြုံးရင်း hugoနှင့်အကြည့်ချင်းဆုံလိုက်သည်။

"ကျွန်တော်က ဘယ်သူ့ကိုမှမုန်းပိုင်ခွင့်မရှိသလို ချစ်ပိုင်ခွင့်လဲမရှိအောင် ခင်ဗျားပဲလုပ်ထားတာလေ။ ခင်ဗျားဘက်က ကတိမတည်ခဲ့ပေမယ့် ကျွန်တော်ကတော့ သစ္စာရှိခွေးရူးကြီးလိုပဲ"

အိမ်ရောက်လာထဲက သူ့ကိုမုန်းတယ်ဆိုတဲ့စကားကလွဲပြီး တခြားစကားမပြောသေးတဲ့နှုတ်ခမ်းပါးလေးကို ဆွဲယူကာရမ္မက်ဆန်ဆန် နမ်းရှိုက်ပစ်လိုက်သည်။ အနမ်းတွေကို တုံ့ပြန်လိမ့်မည်ဟု မထင်ထားခဲ့သော်လည်း ဘေဘီကအလိုက်သင့်တုံ့ပြန်ပေးနေသည်။

DestinéDonde viven las historias. Descúbrelo ahora