မုန်းတီးသည့်စိတ် လက်စားချေချင်သည့်စိတ်တွေ sorelတစ်ကိုယ်လုံးကိုဖုံးလွှမ်းသွားချိန်မှာ လွှစက်နှင့်လူတစ်ယောက်ကို ဖြတ်တောက်နေရတာကိုပင် ပျော်ရွှင်နေမိသည်။ မျက်နှာပေါ်နှင့် ခန္ဓာကိုယ်ပေါ်ကို လာစင်သည့်သွေးတွေကိုပင် ဂရုမစိုက်အားတော့။ ထိုလူ၏နာနာကျင်ကျင်အော်ဟစ်နေသံကို ကြားရလေsorelစိတ်တွေထိန်းချုပ်မရနိုင်လောက်အောင် ဝမ်းသာကျေနပ်ရလေဖြစ်မိသည်။
စိတ်ပြန်လည်တည်ငြိမ်သွားချိန်မှာတော့ ထိုလူမှာအသက်မဲ့သွားပြီဖြစ်သည်။ sorelသူ့လက်နှစ်ဖက်ကို ကြည့်လိုက်ချိန်မှာ သွေးတွေစိုရွဲနေပြီး မျက်နှာနှင့်ဆံပင်တွေမှာလည်း သွေးတွေဖြင့်ညစ်ပတ်နေသည်။ ramsayကလွှစက်ကို သူ့လက်ထဲကအမြန်ယူသွားပေမဲ့
"ramsay ငါ ငါ... ဘာလုပ်လိုက်မိတာလဲ။ ငါသူ့ကိုသတ်လိုက်မိတာလား။ ဟုတ်လား"
စိတ်ဂနာမငြိမ်ဘဲ ယောက်ယက်ခတ်နေသည့်bossကို ramsayကကိုင်လှုပ်ရင်း
"boss boss အဲ့လူကိုကျွန်တော်သတ်လိုက်တာ။ bossသတ်လိုက်တာ မဟုတ်ဘူး။ ဒီမှာတွေ့လား ကျွန်တော့်လက်ထဲမှာ လွှစက် ကျွန်တော်သတ်လိုက်တာ။ ဟုတ်ပြီလား။ bossအခုစိတ်ငြိမ်ငြိမ်ထားလိုက်တော့ ကျွန်တော်တို့ရေသွားချိုးကြမယ်နော်"
သွေးအိုင်တွေထဲ ဟိုတစ်စသည်တစ်စဖြစ်နေသည့်လက်နှင့်ခြေထောက်တွေကိုကြည့်လိုက် sorelသူ့ခန္ဓာကိုယ်ပေါ်မှာပေကျံနေသည့်သွေးတွေကိုကြည့်လိုက်နှင့် ဗျာများနေချိန် ramsayကအနားရောက်လာပြီး ရေချိုးခန်းထဲပွေ့ချီသွားသည်။ bossကိုယ်ပေါ်ကအဝတ်အစားတွေကို အကုန်ချွတ်ပေးလိုက်ပြီး ရေချိုးဇလုံထဲထည့်ပေးခဲ့လိုက်သည်။
"boss စိတ်သက်သာရာရလာမှ အခန်းအပြင်ကိုထွက်ခဲ့ပါ။ ကျွန်တော်အပြင်ကဟာတွေ မြန်မြန်လက်စသတ်ထားလိုက်ပါ့မယ်"
ramsayအခန်းပြင်ထွက်သွားချိန်မှာ sorelခန္ဓာကိုယ်တစ်ခုလုံးကိုရေဇလုံထဲ လှဲချပစ်လိုက်သည်။ သူအသက်အောင့်နိုင်သည့်အနေအထားထိ ရေထဲမှာငုပ်နေလိုက်ပြီး ယောက်ယက်ခတ်နေသည့်သူ့စိတ်တွေကို ပြန်တည်ငြိမ်အောင်လုပ်ရသည်။ အသက်ရှုရခက်လာချိန်မှ ရေဇလုံထဲကနေထထိုင်ပြီး မျက်နှာပေါ်စီးကျနေသည့်ရေတွေကို လက်နှင့်အမြန်သပ်ကာ ပါးစပ်ဟပြီးအသက်ကိုပြင်းပြင်းရှုလိုက်သည်။
YOU ARE READING
Destiné
Action⚠️trigger warning ⚠️ Rape,Murder,Crime,Torture,violence ,Drugs,curse words ဤဝတ္ထုသည် လူသတ်မှု၊ မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုဇာတ်ကွက်များ ၊ ညစ်ညမ်းသောအသုံးအနှုန်းများ ပါဝင်ပါသဖြင့် အသက်မပြည့်သူများမဖတ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️trigg...