Ep (56)

5.8K 648 77
                                    

Sir Hugoဆီbossကစာရွက်စာတမ်းတွေ သွားပေးခိုင်းတာကြောင့် ramsayသွားပေးပြီး bossကိုပြန်ကြိုဖို့သွားနေချိန် ကားတစ်စီးလုံးလေပေါ် မြောက်တက်သွားသည်။ ramsayအခြေအနေကို ချက်ချင်းသဘောပေါက်လိုက်သည်။ Sir Hugo၏လက်ချက်ဆိုတာ လုံးဝမှားနိုင်ဖွယ်မရှိပေ။

ကားကလေပေါ်သို့မြောက်တက်သွားသည့်အရှိန်ကြောင့် ramsayခေါင်းကကားခေါင်မိုးနှင့် အရှိန်ပြင်းပြင်းတိုက်မိသွားတော့သည်။ ကားမြေပေါ်ကိုပြန်ကျချိန်မှာ မှောက်လျက်အနေအထားဖြစ်တာကြောင့် ramsayအပြင်ကိုမနည်းအားယူပြီးကြည့်နေရသည်။ ကားမှန်ကွဲစတွေက ramsayခန္ဓာကိုယ်ထဲနေရာအနှံ့စိုက်ဝင်နေပြီး ခေါင်းကလည်းတိုက်မိထားသည့်အရှိန်ကြောင့် မူးဝေနေသည်။

ထိုအချိန်ramsayမြင်ကွင်းထဲအရင်ဆုံးဝင်ရောက်လာသည့်အရာက သူ့လည်ပင်းမှာဆွဲထားသည့် လက်စွပ်နှစ်ကွင်းနှင့်ဆွဲကြိုးလေးဖြစ်သည်။ လူတစ်ယောက်၏နောက်ဆုံးနေဝင်ချိန်ကိုရောက်ရင် ကိုယ့်ဘဝမှာအရေးပါဆုံးသောသူကိုသာ သတိရတတ်ကြစမြဲပင်။ ramsayသတိရမိသူက sorelဆိုသည့်သူ၏bossကိုသာ။

လက်စွပ်နှစ်ကွင်းကိုမြင်လိုက်မှ ramsayနောင်တအကြီးကြီးရရှိသွားခဲ့သည်။ သူ့ဘဝရဲ့အရေးပါဆုံးသူက bossဖြစ်နေတာကို အခုမှသိလိုက်ရတာကြောင့်ဖြစ်သည်။ သူ့ဘဝနှင့်ရင်းပြီးချစ်ရသူကို သဘောကျနေမိကြောင်းဖွင့်မပြောလိုက်ရဘဲ သေဆုံးသွားမှာကိုလည်းကြောက်မိသည်။

တစ်ချိန်တည်းမှာပဲ ramsayခေါင်းထဲဝင်လာသည့်အတွေးက ခုလိုကားမှောက်နေချိန်မှာ bossသာပါလာခဲ့လျှင် သူဆောက်တည်ရာမရသည့်အခြေအနေကိုရောက်နေမှာ သေချာသည်။ bossမပါလာတာကိုဘဲ ကျေးဇူးတင်ရမည်။ ခန္ဓာကိုယ်တစ်ခုလုံး၏နာကျင်နေမှုက ramsayမျက်လုံးတွေကိုမှေးစဉ်းစေသည်။ သတိလစ်ခါနီးအခြေအနေရောက်ချိန်မှာ နှာခေါင်းထဲဝင်လာသည့်အနံ့က ဓာတ်ဆီနံ့ပင်။ ကားဆီတိုင်ကီကွဲပြီး ဓာတ်ဆီတွေယိုစိမ့်နေပုံရသည်။ မီးစနှင့်သာတွေ့ရင် ကားကပေါက်ကွဲနိုင်သည်။

Sir Hugoဆီကပြန်လာတဲ့အချိန်မှာဖြစ်တာကြောင့် ဘယ်သူ့လက်ချက်လည်းဆိုတာကို ramsayသိပ်မစဉ်းစားလိုက်ရပါ။ ပထမတော့သူ့ကိုယ်သူလက်လျော့ဖို့ စဉ်းစားလိုက်သေးသည်။ သို့ပေမဲ့ bossကိုသတိရသွားချိန်မှာ သူဘယ်လိုမှလက်မလျှော့နိုင်တော့ပေ။ bossကိုတစ်ယောက်တည်းထားခဲ့လို့မဖြစ် bossဘေးနားမှာယုံကြည်အားကိုးလို့ရမည့်သူဆိုတာ မရှိသလောက်ရှားသည်။ အနည်းဆုံးတော့ bossဘေးမှာသူရှိနေဖို့လိုအပ်သည်။ bossမိဘတွေကိုသတ်သည့်တရားခံဖမ်းဖို့ကိစ္စနှင့် လက်စားချေသည့်ကိစ္စတွေမှာလည်း သူကူညီပေးမှဖြစ်မည်။

DestinéWhere stories live. Discover now