Ep (41)

5.8K 689 42
                                    

sorelကျွန်းကပြန်လာပြီး အိမ်ရောက်ချိန်မှာ ဒယ်ဒီနှင့်အတူနေခဲ့တာကြောင့်ရော လူကငြီးစိစိဖြစ်နေတာရောကြောင့် ရေချိုးခန်းထဲဝင်ကာ ရေစိမ်နေလိုက်သည်။ ရေစိမ်နေစဉ်သူ့အတွေးထဲဝင်လာသည်က ဧည့်ခန်းထဲမှဒယ်ဒီ့သူငယ်ချင်း၏ပန်းပုရုပ်ထုပုံပင်။

ပန်းပုရုပ်ကိုကြည့်နေခဲ့စဉ်က sorelနှလုံးသားထဲနွေးထွေးသွားသလိုတစ်ချက်ခံစားလိုက်ရပြီး အဲ့ခံစားချက်ရဲ့နောက်မှာ ဝမ်းနည်းသလိုခံစားရပြန်သည်။ သေချာတာကတော့ ဒီပန်းပုရုပ်ကသူနဲ့ရင်းနှီးနေသလိုပင်။ ဒါပေမဲ့ ဘယ်နေရာမှာရင်းနှီးခဲ့တာလဲဆိုတာ sorelစဉ်းစားပေမဲ့ အဖြေထွက်မလာခဲ့ဘဲ ခေါင်းတွေသာထိုးကိုက်လာခဲ့သည်။

ခေါင်းကိုက်သက်သာစေဖို့ရာ နားထင်နှစ်ဖက်ကို လက်နှင့်ဖိရင်း ဒီအကြောင်းကိုဆက်မတွေးဖို့ဆုံးဖြတ်လိုက်သည်။ ယခုသူတွေးသင့်တာ ဒယ်ဒီပေးသည့်မွေးနေ့လက်ဆောင်အကြောင်းဖြစ်သင့်တာမလား။ ဒယ်ဒီ့ပြောစကားအရဆို အသက်ကြီးသွားတဲ့အထိသူနဲ့နှစ်ယောက်ထဲ နေသွားဖို့အရိပ်အမြွက်ပြသွားသည်။

အမှန်ဆို sorelအနေနဲ့ဒယ်ဒီဆီက ဒီစကားတွေကြားရရင် ပျော်နေသင့်တာ။ ဒါပေမဲ့အခုသူဘာလို့မပျော်တာလည်း စဉ်းစားလို့မရပေ။ ငယ်ငယ်လေးထဲကနေ ဒီအချိန်ထိသူအမျှော်လင့်ခဲ့ဆုံးဆန္ဒကို ဒယ်ဒီ့ဘက်မှဖြည့်ဆည်းပေးဖို့ပြောလာသည်ကို စိတ်ထဲမှာတွေဝေနေမိသည်။

ခေါင်းထဲအတွေးတွေအရမ်းကို ရှုပ်ထွေးသွားတာကြောင့် ရေမြန်မြန်ချိုးပြီး ထွက်လာခဲ့သည်။ အခန်းထဲရောက်ချိန်မှာ အရိပ်တစ်ခုကိုဖျတ်ခနဲတွေ့လိုက်ရတာကြောင့် သေနတ်ကောက်ကိုင်ပြီး ပစ်ဖို့ချိန်လိုက်သည်။

"boss ကျွန်တော်ပါ"

"ချီး အသံလေးဘာလေးပေးလေ ငါကရန်သူထင်ပြီးပစ်မိတော့မလို့ ဒါနဲ့မင်းကပြင်သစ်မှာရှိနေရမှာ ဒီကိုဘယ်လိုလုပ်ရောက်နေတာလဲ"

"boss ဒီကုတင်ပေါ်မှာခဏထိုင်ပေး"

"ဘာလုပ်မလို့လဲ မင်းအလုပ်မပြီးသေးဘဲပြန်လာဖို့ငါမှာလိုက်လို့လား"

sorelကramsayကိုအော်ဟစ်ဆဲဆို ဆူပူကြိမ်းမောင်းနေသည်။ ramsayကတော့ bossပြောနေတာကိုသေချာနားမထောင်ပေ။ bossရှေ့မှာဒူးထောက်ထိုင်ချလိုက်ပြီး bossရဲ့ဘယ်ဘက်ခြေထောက်လေးကိုသူ့ဒူးခေါင်းပေါ်တင်လိုက်သည်။ ပြီးနောက် ဘောင်းဘီအိတ်ကပ်ထဲကfootchainလေးထုတ်ပြီး bossခြေချင်းဝတ်မှာဝတ်ပေးလိုက်သည်။

DestinéDonde viven las historias. Descúbrelo ahora