Ep (51)

5.8K 592 63
                                    

Bossအိမ်ကနေထွက်လာတည်းက Hugoမျက်နှာမကောင်းတာကို Jackသတိထားမိသည်။ နှစ်ယောက်သားရန်ဖြစ်လာကြပြန်ပြီဟု ထင်မှတ်ပြီး ဘာမှမမေးဘဲကားသာဆက်မောင်းနေခဲ့သည်။

"Jack ငါ့ကိုအိမ်လိုက်ပို့ပေး"

Jackအနေနဲ့Hugoကိုငယ်စဉ်ကတည်းက ပေါင်းလာတာကြောင့် သူငယ်ချင်းဖြစ်သူအကြောင်း ကောင်းကောင်းသိသည်။ဘေးဘက်ကားတံခါးဘောင်ပေါ်လက်ထောက်ရင်း မျက်ခုံးရိုးတွေကို နှိပ်နေပုံထောက်ရင် ကိစ္စကြီးကြီးမားမားဖြစ်လာတာသေချာသည်။

သူငယ်ချင်းဖြစ်သူHugoတွင် အိမ်တွေခြံတွေ များစွာပိုင်ဆိုင်ထားသည်။ သို့သော် ထိုအိမ်တွေခြံတွေကို ဘယ်သောအခါမှ သူ့အိမ်လို့မသတ်မှတ်ခဲ့ဘူး။ Hugoက Samuelရှိသည့်နေရာကိုသာ အိမ်လို့သတ်မှတ်လေ့ရှိသည်။

Samuelအိမ်တည်ရှိရာနေရာလေးက လူနေအိမ်ခြေနည်းပါးပြီး လူအသွားအလာနည်းကာ တိတ်ဆိတ်ငြိမ်သက်နေလေ့ရှိသည်။ သစ်ပင်ပန်းပင်တွေကို စိုက်ပျိုးရတာနှစ်သက်သည့်Samuelကြောင့် အိမ်လေးမှာသစ်ပင်တွေနှင့်အုံ့ဆိုင်းနေသည်။ သဘာဝပတ်ဝန်းကျင်ကိုနှစ်သက်သည့်samuelက သူ့အိမ်လေးကိုလည်း သစ်သားတွေနှင့်သာဆောက်လုပ်ထားသည်။

Hugoအနေဖြင့် အိမ်လေးကိုမြင်လိုက်ရသည်နှင့် ရင်ထဲမှာတောက်လောင်နေခဲ့သည့်ဒေါသတွေက ချက်ချင်းဆိုသလိုပြေပျောက်သွားရတော့သည်။ ဇိမ်ခံပစ္စည်းအပြည့်အစုံရှိသည့်အိမ်တွေထက် ရိုးရိုးသာမန်သစ်သားနှစ်ထပ်အိမ်လေးကို Hugoပိုနှစ်သက်သည်။ အိမ်ရှေ့သစ်သားတံခါးပေါ်မှာ ချိတ်ဆွဲထားသည့်သစ်သားဆိုင်းဘုတ်လေးကြောင့်ဆို ပိုမှန်မည်။

ဒီဆိုင်းဘုတ်လေးက Hugoဘယ်လောက်ပဲမထိန်းနိုင်အောင်ဒေါသထွက်နေပါစေ ဒေါသတွေချက်ချင်းငြိမ်ကျသွားအောင်လုပ်နိုင်သည့် အားနည်းချက်လေးတစ်ခုပင်။

'Home Sweet Home
H&S❤️'

ဆိုင်းဘုတ်လေးကိုကြည့်ပြီး Hugoအပြုံးတွေဝေဆာသွားရကာ အိမ်ထဲသို့ဝင်လာလိုက်သည်။ အိမ်ထဲဝင်လိုက်သည်နှင့် ပန်းချီဆေးနံ့တွေ တာပင်တိုင်နံ့တွေက နေရာယူထားကာ ငြိမ့်ညောင်းလှသည့်သီချင်းသံလေးကိုလည်း တိုးတိုးသဲ့သဲ့ကြားနေရသည်။

DestinéWhere stories live. Discover now