Ep (57)

5.3K 585 59
                                    

ramsayသတိရလာချိန်မှာ ရင်ခွင်ထဲနှစ်ခြိုက်စွာအိပ်မောကျနေသည့်bossကိုမြင်တော့မှ သက်ပြင်းချရဲသည်။ ခန္ဓာကိုယ်ကိုနည်းနည်းလေးလှုပ်လိုက်တာနှင့် bossကချက်ချင်းနိုးလာခဲ့သည်။ bossနိုးနိုးချင်းမှာပဲ ထူးဆန်းသည့်စကားတွေပြောလာသည်။ ကျွန်တော့်ကိုမနေ့တည်းက သတိရနေတာပါဆိုပြီး ငြင်းနေတော့သည်။

"bossမှားနေပြီထင်တယ်။ ကျွန်တော်တကယ်ဒီနေ့မှ သတိရတာ"

"မင်း ငါပြောတာကိုမယုံဘူးမလား။ နေဦး dimကိုသွားခေါ်လာခဲ့မယ်"

ခဏအကြာ​ ဒေါက်တာdimကိုဆွဲခေါ်လာပြီး အခန်းထဲပြန်ရောက်လာသည့်boss

"dim သူ့ကိုပြောပြလိုက်စမ်းပါ။ သူမနေ့တည်းကသတိရနေတာလို့ပြောတာကို ငါ့ကိုမယုံသင်္ကာနဲ့ကြည့်နေတယ်"

"ဒါကတော့ဖြစ်တတ်ပါတယ်။ ထိတ်လန့်စရာကိစ္စကြုံထားရတာဆိုတော့ ဦးနှောက်ကကောင်းကောင်းအလုပ်မလုပ်သေးတာကို မင်းကနားလည်ပေးရမှာလေsorel။ ramsayရေ မင်းကတော့တကယ့်စံပြပဲ။ ကားတစ်စီးလုံးပေါက်ကွဲသွားတာတောင် လက်ကျိုးပြီးပွန်းပဲ့ဒဏ်ရာလေးပဲဖြစ်တာ မင်းတစ်ယောက်ပဲမြင်ဖူးသေးတယ်"

dimကramsayကိုစစ်ဆေးပြီးတာနှင့် အခန်းထဲကပြန်ထွက်သွားတော့သည်။ အခန်းထဲမှာbossနှင့်ramsayတို့နှစ်ယောက်တည်းသာ ကျန်ခဲ့တော့သည်။

"boss ကျွန်တော့်ကိုဒီလိုဖြစ်အောင်လုပ်တဲ့...."

ramsayကိုsorelကစကားပြီးဆုံးအောင် ပြောခွင့်မပေးပါ။

"နောက်တစ်ခါ မင်းဒီလိုလုံးဝမဖြစ်စေရဘူး။ ဖြစ်ခွင့်လည်း ငါပေးမှာမဟုတ်ဘူး။ ကိစ္စတွေအားလုံးကို ငါရှင်းထားပြီးပြီ။ မင်းပူမနေနဲ့တော့။ ခန္ဓာကိုယ်အမြန်ဆုံးသက်သာအောင်သာ ဂရုစိုက်။ မင်းဆေးရုံဆင်းဖို့ ငါသွားစီစဉ်လိုက်ဦးမယ်"

sorelအနေနဲ့ ဆေးရုံကလူဝင်လူထွက်အရမ်းများတာကြောင့် စိတ်မချနိုင်သည့်ပတ်ဝန်းကျင်တစ်ခုအဖြစ်သတ်မှတ်ထားသည်။ ထို့ကြောင့် ramsayကိုတတ်နိုင်သမျှ မြန်မြန်လေးဆေးရုံကခေါ်ထုတ်သွားဖို့ စီစဉ်ရသည်။ မဟုတ်ရင် ဒယ်ဒီကဘယ်လိုတွေကြံစည်ဦးမလဲဆိုတာ မသိနိုင်ပေ။ အနည်းဆုံးတော့ sorelမျက်စိအောက်မှာထားလျှင် ramsayကိုပိုစိတ်ချရမည်ဖြစ်သည်။

DestinéWhere stories live. Discover now