အပိုင်း ၁ : System Recognizes Host

2K 101 6
                                    

Unicode version
ကူဇိုး ဈေးဝယ်ခြင်းတောင်းကို ပိုက်လာကာ အိမ်သို့ ပြန်လာလေသည်။ သူ့အိမ်က သိပ်မနီးချေ။ ထိုနေရာမှ ဆယ်မိနစ်ကြာကြာ လမ်းလျှောက်ရဦးမည်။

သူ နည်းနည်းစိတ်ပူနေသည်။ သူ့အဖေက အိမ်မှာ စောင့်နေကာ သူမပါပဲ မစားနိုင်ချေ။ သူ့မှာ အစာအိမ်ပြဿနာ ရှိကာ သူကသာ သူ့အဖေကို ဂရုစိုက်နိုင်သည်။

ထိုအရာကို တွေးကာ မြန်မြန် လမ်းလျှောက်လာသည်။

သို့သော် သူလမ်းဖြတ်နေစဥ် အရှိန်မြန်မြန်ဖြင့် မောင်းလာသော ကုန်တင်ကားက ဘီးချော်လာလေသည်။ ကားမောင်းသမားက အရက်မူးနေကာ လုံးလုံးစိတ်လွတ်နေသည်။

ကူဇိုး လန့်သွားကာ ရှောင်တိမ်းချင်သော်ငြား အချိန်မလောက်သဖြင့် မ‌‌ရှောင်နိုင်လိုက်။ သူသတိမမေ့ခင် ဆိုးဝါးသော နာကြင်မှုကို ခံစားလိုက်ရကာ ဘာမျှမသိတော့ချေ။

သူသတိမလစ်ခင် ကူဇိုး သူ့မျက်ခုံးကြားက တောက်ပနေသောအရာကို သတိမထားမိခဲ့။ ထို့နောက် သူ့ကိုယ်က ပျောက်ကွယ်သွားလေသည်။

ထိုအချိန် နောက်ကိုယ်တစ်ခုက သူ့အစားထိုးသွားကာ ကုန်တင်ကားက ထိုအစားထိုးကိုယ်ကို တက်ကျိတ်သွားလေသည်။

ထို့နောက် လူတစ်အုပ်က ရောက်လာကာ အော်သံတို့ ထွက်လာလေသည်။

ကူဇိုးက မြေပေါ် လဲကျသွားကာ အတော်လေး နာကျင်သွားသည်။ သို့သော်လည်း သူသက်သာရာရသွားလေသည်။ ဘာပဲဖြစ်ဖြစ် ကုန်တင်ကားနဲ့ အတိုက်ခံလိုက်ရတာတောင်မှ သူအသက်ရှင်နေသေးသည်။

သူထကာ ဖုန်ခါလိုက်သည်။ သူလွတ်ကျသွားသော ဈေးခြင်းတောင်းကို ရှာလိုက်တော့ မြင်လိုက်ရသော မြင်ကွင်းကြောင့် အံ့ဩသွားလေသည်။

ခုံးနေသောသစ်သား ပြတင်းပေါက်နှင့် ရှေးဟောင်း အိမ်သုံးပစ္စည်းများ ရှိနေသည်။ ဒါ ဘယ်လိုနေရာလဲ?

ကူဇိုးက တစ်ခုခုကို ခံစားမိသော်ငြား စိတ်ချသွားမိသည်။ သူ့ကို တိုက်သွားသည်။ ဘာက တိုက်သွားတာလဲ? ဒီမှာ သူ့ကို တိုက်နိုင်တဲ့ အရာတစ်ခုမှ ရှိမနေဘူး။

သူဘေးကို ကြည့်လိုက်တော့ အိပ်ရာ၌ လှဲနေသော လူငယ်လေးတစ်ယောက်ကို တွေ့လိုက်လေသည်။

ဆေး (ေဆး)Where stories live. Discover now