Unicode Version
ညနေဘက်...
ကူဇိုး ထိုင်ခုံမှာ ထိုင်နေကာ သူ့ရှေ့က လူအား အာရုံစိုက်နေသည်။
ရှေ့၌ ထိုင်ကာ တရားထိုင်နေသော သူက ဂုန်ယိတျန်းဟန်ပင်။
သိုင်းပညာရှင်က ချီစွမ်းအားကို ဆွဲထုတ်ကာ ခန္ဓာကိုယ်ထဲ၌ သန့်စင်ချီအဖြစ် သန့်စင်လိုက်သည်။ ထို့အတွက်ရလဒ်က လူ့ကိုယ်ထဲမှ ချီများက တိုးတက်လာမည်ဖြစ်သည်။ သိုင်းပညာရှင်များက သူတို့၏ ချီနှင့် သွေးများကို မန်ရိဒျန်များထဲသို့ ဝင်ရောက်စေကာ ကျင့်ကြံကြသည်။ ထိုအရာက မူလမန်ရိဒျန် ၁၂ခုအား လည်ပတ်စေကာ ချီစွမ်းအားများကို ထူးခြားမန်ရိဒျန် ၈ခုထဲ၌ သိုလှောင်ကာ အနည်းငယ်အား ထိန်းသိမ်းရန်အတွက် သုံးလေသည်။ ချီစွမ်းအားကို လည်ပတ်ခြင်းသို့မဟုတ် အာဟာရပြည့်ရန်အတွက်လည်း သုံးသေးသည်။
အရင်က ပြောပြခဲ့သည့်အတိုင်း ကျင့်စဥ်များက ဖွင့်ရသော အကြောများနှင့် အရိုးပုလဲများအား ဖွဲ့စည်းခြင်း နေရာများအရ ကွာခြားသွားသည်။ ကျင့်စဥ်များက ခန္ဓာကိုယ်အနှံ့ရှိ မတူညီသော မန်ရိဒျန်များကို အသုံးပြုသည်။ သိုင်းပညာများနှင့် ချိတ်ဆက်မှုတစ်ခုကို ပြုလုပ်ပြီးနောက် သိုင်းပညာရှင်တစ်ယောက်က သူ၏ စွမ်းအားကို မည်မျှ ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်သည်ဆိုသော ကြီးမားသော ကွာခြားချက်တစ်ခုရှိသည်။ ခန္ဓာကိုယ်အတွင်းရှိ သန့်စင်ချီကလည်း ကွဲပြားသွားစေသေးသည်။
ကူဇိုးက သူ့အလုပ်ရှင်က သူစဥ်းစားထားသော ကျင့်စဥ်တစ်ခုကို ရေးလိုက် ပုံဆွဲလိုက် လုပ်နေသည်ကို သတိထားမိနေသည်မှာ ကြာပြီဖြစ်သည်။
တစ်ဖက်က သူ့ရင်ထဲ၌ လေးစားမှုများနှင့် ပြည့်နှက်နေကာ တစ်ဖက်မှာတော့ အလွန်အမင်း စိတ်ပူနေသည်။ သူ့အလုပ်ရှင်၌ အရင်းအမြစ်ပြည့်ဝစွာ ရှိပြီး ဗဟုသုတ ကြွယ်ဝပေမဲ့လည်း အဆုံးမှာတော့ သူက အသက် ၂၀ပင် မရှိသေးချေ။ သူက ဘယ်လိုလုပ် အံ့အားသင့်စရာကောင်းတဲ့ ကျင့်စဥ်တစ်ခုကို ဖန်တီးနိုင်မှာလဲ?
အခု သူသာ ရှုံးနိမ့်သွားရင်... ဘယ်လိုပဲ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိအောင် ကြိုးစားပေမဲ့လည်း နောင်ကျရင် ဒါက အတားအဆီးတစ်ခု ဖြစ်လာမှာ။
YOU ARE READING
ဆေး (ေဆး)
Historical Fictionကူဇိုး : မင်းဖျားနေတာလား? ဂုန်ယိ တျန်းဟန် : မင်းမှာ ဆေးရှိလား? ကူဇိုး : မင်းဖျားနေတာပဲ ဂုန်ယိ တျန်းဟန် : ငါဖျားနေတယ်လို့ ပြောရင် မင်းက ကုပေးမှာလား? ကူဇိုး : ငါ့မှာဆေးရှိရင် မင်းက ယူမှာလား? ဂုန်ယိ တျန်းဟန် : မင်းမှာ ရှိသလောက် ငါလိုချင်တယ် ကူဇိုး : မ...