အပိုင်း ၂ : A Deadly Mission

388 60 3
                                    

Unicode Version

ထိုအချိန်၌ ကျင့်ကြံရေးလမ်းစဥ်တစ်ခုက ကူဇိုး၏ခေါင်း၌ ပေါ်လာလေသည်။ ထိုအရာကို <<ဒီဗိုင်းဆေးပညာကျင့်ကြံရေးလမ်းစဥ်>> ဖြစ်လေသည်။ 

ထိုလမ်းစဥ်က ပြီးပြည့်စုံပုံ မရချေ။ ထိုအရာ၌ မာတိကာသာ ရှိလေသည်။ ကူဇိုးက ခေတ်သစ်၌ တော်သောလူငယ်တစ်ယောက် ဖြစ်သော်လည်း ထိုထူးထူးဆန်းဆန်းအရာကို လက်၌ မဆုပ်ကိုင်နိုင်ချေ။

ကူဇိုး စိတ်ပျက်သွားသည်။

သူနားမလည်တာကို ဘယ်လိုလုပ် ကျင့်ကြံနိုင်မှာလဲ? သူ့ကို systemက ပေးထားတာဆိုတော့ ဒါက သူနှင့် သင့်တော်သည် ထင်သည်။ သူသာ မလေ့လာနိုင်လျှင် အနာဂတ်၌ ဆေးဖော်စပ်ရာ၌ သက်ရောက်နိုင်သည်။

သူက အခုမှ သည်ကိုရောက်သည်။ သူ၌ မေးခွန်းပေါင်းများစွာ ရှိနေသည်။ System ရှိသော်ငြား ထိုအရာက မလွယ်ချေ...

Systemက ကူဇိုး၏ အမေးများကိုပင် မစောင့်ချေ။ Mission စပေးလေသည်။

[ကျင့်ကြံရေး Mission: ဆေးချီ ၃၀ကို စုဆောင်းပါ]

[Mission၌ ပါသောအရာများ : <<မူလဆေးပညာ ဖော်စပ်ခြင်း လက်ဟန်>> <<လူသားအဆင့် ဆေးလုံးစာအုပ်>> <<လူသားအဆင့် ဆေးဖော်စပ်နည်းများ>> <<လူသားအဆင့် ဆေးဖက်ဝင်ဟင်းလျာအမယ်များ>>]

[Mission အကြောင်းအရာ : Mission၌ ပါသောအရာများကို လေ့လာပါ။ ဆေးဖော်ရာ၌ ဆေးချီတို့ကို ထုတ်လွှတ်ပါက  systemမှ အလိုအလျောက် စုဆောင်းလိမ့်မည်]

[ကြာချိန် : တစ်လ]

[ကျရှုံးပါက : ပယ်ဖျက်ခြင်း]

ကောင်းတယ်။ နောက်ဆုံးတော့ သေသေချာချာ စကားပြောပြီပေါ့။

ကူဇိုး စိုးရိမ်နေမိသည်။ 

ဒီရူးနေတဲ့နေရာက ငရဲကိုတောင် ရောက်နိုင်တယ်။ အခုမှ စတင်တဲ့သူအတွက် ဘာလို့ ဒီလောက် အခက်အခဲတွေကို ရင်ဆိုင်ရတာလဲ? တစ်လဆိုတာက မနည်းလွန်းဘူးလား?

မှားတယ်။ သူက မလေ့လာဖူးပေမဲ့ သူ့အရင်ကိုယ်ကတော့ လေ့လာဖူးတယ်လေ။

ထိုအချိန်၌ ကူဇိုး ကြိုးစားပြိး တည်ငြိမ်လိုက်ပြန်ကာ မှတ်ဉာဏ်တို့ကို ပြန်စစ်ဆေးနေလိုက်သည်။ သူသာ မမှားရင် အရင်လူက ဆယ်ကျောက်သက် ဆေးဆရာတစ်ယောက်။

ဆေး (ေဆး)Onde histórias criam vida. Descubra agora