Unicode Version
ဆေးအိုးသုံးအိုးကို မီးပုံ၏ အပေါ်၌ တည်ထားသည်။ အိုးထဲ၌ လှီးဖြတ်ထားသော အသားများက အရည်ရွှမ်းစွာ ချက်ပြုတ်ထားသည်။ အနံ့ပြင်းပြင်းက အားလုံး၏ နှာခေါင်းကို ကျီဆယ်နေကာ အားလုံးကို သွားရေကျစေသည်။
ကူဇိုးက သူ၏ အာရုံကို ဝံပုလွေသား သမင်သား ကျားသစ်သားဟင်းများထံသို့ ပို့ထားသည်။
ထိုဆေးဖက်ဝင်ဟင်းလျာသုံးမျိုးကို အမျိုးမျိုးသော ဆေးပင်များဖြင့် ချက်ပြုတ်ထားလေသည်။ ပါဝင်ပစ္စည်းအမျိုးမျိုးက ဟင်းလျာများကို အချင်းချင်း ဖြည့်စွက်နေကာ ပို၍ အရသာရှိအောင် လုပ်နေသည်။
၁၅မိနစ်အတွင်းတွင် အိုးသုံးခုမှ ဟင်းရည်များက အရောင်များ ပြောင်းသွားသည်။ ကူဇိုးက ဘာကိုမှ လျစ်လျူမရှုရဲချေ။ သူက အမြန်ဆုံးနည်းဖြင့် လက်များကို ရွေ့လျားနေသည်။ သူက လက်ကိုင်ရှည်ဇွန်းကြီးဖြင့် သုံးဇွန်းဆီ ခပ်ကာ မရပ်မနားပဲ တစ်အိုးစီမှ အကောင်းဆုံး အပိုင်းများကို ပန်းကန်အကြီးကြီးထဲသို့ လောင်းထည့်လေသည်။
ထို့နောက် ပြီးပြည့်စုံသော အနံ့တစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအနံ့လေးက လျှာမှ အရသာဖုများကို ဆွဲဆောင်နေကာ အားလုံးကို တံတွေးမျိုချမိအောင် လုပ်နေကာ ဟင်းလျာအားလုံးကို အကုန်လုံး စားချင်အောင် ပြုလုပ်နေသည်။
သေချာပေါက် ဤနေရာ၌ သူခိုးများ ရှိမနေချေ။
ကူဇိုးက စားဖိုမှုး ဖြစ်သည့်အတွက်ကြောင့် သူ့ကိုယ်သူ ထိန်းချုပ်နေကာ ဆေးဖက်ဝင်ဟင်းလျာများကို မစားမိအောင် မနည်း ချုပ်တည်းနေရသည်။ သူက နှာခေါင်းကို ပွတ်သပ်လိုက်ပြီး တျန်းဟန်ဆီသို့ မနှောင့်နှေးစေဘဲ အမြန် သွားပို့လိုက်သည်။ သူက ပန်းကန်ကို ပေးနေရင်း "သခင်လေး တျန်းဟန် ပူတုန်း စားပါ။ စောင့်နေရင် အရသာ ပြန့်သွားမယ်။ ရလဒ်ကလည်း အရမ်းကောင်းတော့မှာ မဟုတ်ဘူး"
ဂုန်ယိတျန်းဟန်က ပြုံးကာ "အားဇုံး စားချင်ရင် ငါ့ကို အရင်မပေးလည်း ရပါတယ်"
ကူဇိုးက ပန်းကန်ကို ပြန်ပေးနေသည်ကို တွေ့သောအခါ နောက်သို့ လေးငါးလှမ်းလောက် ဆုတ်သွားကာ "သခင်လေးတျန်းဟန်က လောလောဆယ် အစွမ်းကုန် သိုင်းလေ့ကျင့်နေတာ။ သခင်လေးက အကောင်းဆုံး အရင်းအမြစ်တွေကို အသုံးပြုဖို့ လိုတယ်။ ကျနော့်မှာ အကောင်းဆုံး ရှိနေတယ်လေ။ သခင်လေးကို မကောင်းတဲ့ဟာကို မပေးချင်ဘူး။ အစားကောင်းကို စားချင်တာက လူ့သဘာဝပဲလေ။ မလိုအပ်ပါဘူး"
ESTÁS LEYENDO
ဆေး (ေဆး)
Ficción históricaကူဇိုး : မင်းဖျားနေတာလား? ဂုန်ယိ တျန်းဟန် : မင်းမှာ ဆေးရှိလား? ကူဇိုး : မင်းဖျားနေတာပဲ ဂုန်ယိ တျန်းဟန် : ငါဖျားနေတယ်လို့ ပြောရင် မင်းက ကုပေးမှာလား? ကူဇိုး : ငါ့မှာဆေးရှိရင် မင်းက ယူမှာလား? ဂုန်ယိ တျန်းဟန် : မင်းမှာ ရှိသလောက် ငါလိုချင်တယ် ကူဇိုး : မ...