Unicode Version
ပထမဆုံး ဆေးအိုးတွေ။ ဆေးအိုးတွေမှ အများကြီးပဲ။
ဆေးအိုးကို အဆင့်သုံးဆင့် ခွဲထားကာ အသေး အလတ်နှင့် အကြီးတို့ ဖြစ်သည်။ ဆေးအိုးအသေး ဆယ်ခု၊ အလတ်လေးခုနှင့် အကြီးနှစ်ခုတို့ ရှိသည်။ ဆေးအိုးအားလုံးက အရည်အသွေးမြင့်ပြီး အကောင်းစားဆေးအိုးများ ဖြစ်နိုင်သည်။ တစ်ချက်ကြည့်ရုံဖြင့် တမူထူးခြားသည်ဆိုသည်ကို သိနိုင်သည်။ ထိုအရာက ဆေးဆရာအားလုံး၏ အိမ်မက်ဆေးလုံးဖြစ်သည်။
ထိုနေရာ၌ မီးဖိုများ ရှိသေးသည်။
ဂုန်ယိတျန်းဟန်က စာအုပ်များကို ဖတ်ခဲ့ခြင်းကြောင့် တျန်းဝူနယ်မြေ၌ ဆေးဆရာများ ဆေးလုံးဖော်စပ်ကြသော်ငြား ဆေးဖက်ဝင်ဟင်းလျာတို့ ဆေးရည်တို့ကိုလည်း ဖော်စပ်နိုင်သေးသည်ဆိုသည်ကို သူသိလေသည်။ သူက အမျိုးမျိုးသော မီးဖိုရှစ်ခုကို ပြင်ဆင်ထားသည်။ ဘေးက ဘီရို၌ မီးဖိုချောင်သုံးပစ္စည်များ ထားထားလေသည်။ အားလုံးက တောက်ပနေကာ အရောင်များပင် လက်နေသည်။ ပစ္စည်းအားလုံးက ဆေးအိုးများကဲ့သို့ပင် အရည်အသွေးကောင်းသော ပစ္စည်းများ ဖြစ်လေသည်။
ထိုအရာက ဆေးဖော်စပ်ရန်အတွက် ဖြစ်လေသည်။
နောက်ဆုံး အံဆွဲများစွာပါသော ဘီရိုအကြီးကြီး နှစ်ခုက နံရံအကြီးကြီး နှစ်ခုစာကိုပင် နေရာယူထားလေသည်။ အံဆွဲတစ်ခုချင်းစီက ဆေးပင်များဖြင့် ပြည့်နေသည်။ ဘေး၌ သေတ္တာအကြီးကြီး နှစ်ခုရှိကာ ဆေးဖော်စပ်ရာ၌ သုံးသော ပစ္စည်းအစုံကို ထည့်ထားသည်။
ဆေးနံ့များက သူ့နှာခေါင်းကို လာရိုက်ကာ သူ့ကို နှာချေအောင် လုပ်နေသည်။
ထိုသေတ္တာများနား၌ သတ္တုဖြင့် လုပ်ထားသော စင်များ ရှိလေသည်။ စင်များ၌ သားရဲတို့မှရသော ဓာတ်ကြီးငါးပါးတို့ကို ချိတ်ဆွဲထားသည်။ သားရဲသေးသေးများကို တစ်ခုလုံး သိမ်းထားကာ အကောင်ကြီးသောသားရဲများကိုတော့ သိမ်းရန် အဆင်ပြေသော အရွယ်အစားသို့ ခုတ်ထစ်ထားသည်။ အရေးအကြီးဆုံးအရာများ ပါလေသည်။ သားရဲများက အရမ်းကို လတ်ဆက်လှသည်။ သွေးညှီနံ့ကပင် ဆေးပင်အနံ့များကို ဖုံးကာနီးပင်။ အတွေ့အကြုံမရှိသောသူကပင် ထိုသားရဲများကို လက်တလောကပင် အမဲလိုက်ကာ ပို့ထားသည်ဆိုသည်ကို သိနိုင်သည်။
YOU ARE READING
ဆေး (ေဆး)
Historical Fictionကူဇိုး : မင်းဖျားနေတာလား? ဂုန်ယိ တျန်းဟန် : မင်းမှာ ဆေးရှိလား? ကူဇိုး : မင်းဖျားနေတာပဲ ဂုန်ယိ တျန်းဟန် : ငါဖျားနေတယ်လို့ ပြောရင် မင်းက ကုပေးမှာလား? ကူဇိုး : ငါ့မှာဆေးရှိရင် မင်းက ယူမှာလား? ဂုန်ယိ တျန်းဟန် : မင်းမှာ ရှိသလောက် ငါလိုချင်တယ် ကူဇိုး : မ...