အပိုင်း ၂၁ : တုန်တျန်းမျက်လုံး/ တုန္တ်န္းမ်က္လုံး

191 44 4
                                    

Unicode Version

ကူဇိုးက သခင်လေးငါးယောက်၏ ပြိုင်ပွဲကြောင့် မှင်သက်နေရုံသာမက ရင်ထဲ၌ ကြိတ်ကာ စိတ်လှုပ်ရှားနေမိသည်။

သူတို့က နာမည်ကြီးသော ငယ်ရွယ်သော မျိုးဆက်သစ်များဖြစ်သည်။ နောက်ဆုံးမည်သူက အသန်မာဆုံးလဲ?

အခုက အချိန်ပဲ။ မိသားစုငါးခုမှ အကြီးပိုင်းများနှင့် တော်ဝင်မိသားစုများက သခင်လေးငါးဦး၏ ပြိုင်ပွဲကို အသေအချာကြည့်နေကြသည်။

မိသားစုကြီးများမှ ပါရမီရှင်များက အရင်နှစ်များ၏ ပါရမီရှင်များထက် ပို၍ ထူးခြားလေသည်။ 

အရင်တုန်းက သခင်လေးများ အသက်၂၀တုန်းက မန်ရိဒျန်များသိပ်သည်းခြင်းအဆင့် ရောက်ရုံသာ ရှိသေးသည်။ သို့သော် အခုသခင်လေးများက ဟုန်တျန်းအဆင့် (၉) ပြီးပြည့်စုံခြင်းအဆင့်သို့ အောင်မြင်စွာ ရောက်နေပြီဖြစ်သည်။ ‌ထိုအရာက ရှန်းတျန်းအဆင့်သို့ ရောက်ရန် တစ်ဆင့်သာ လိုတော့သည်။ ထိုအရာက အင်ပါယာ၏ ထောက်တိုင်သိုင်းပညာရှင်များအဆင့် ဖြစ်လေသည်။

ငယ်ရွယ်သူများ အကန့်အသတ်မဲ့ အနာဂတ် ရှိလေသည်။

တူညီစွာပင် ပါရမီရှင်လူငယ်များက ရောက်လာတော့မည့် တျန်းဝူနယ်မြေရှိ ပါရမီရှင်များစုဆောင်းရာ၌ ပါဝင်မည့်သူများ ဖြစ်လေသည်။ ထိုအရာက ကြီးမားသောအုပ်စုကြီးများ၏ တိုက်ပွဲဖြစ်ကာ နယ်မြေအတွက် တောက်ပသောနှစ်များ ရောက်ရှိလာရန်ဖြစ်သည်။ 

နန်းတော် မျှော်စင်မှ ရှည်လျားပြီး စူးရှသော လူတစ်ယောက်၏ အရိပ် ပေါ်လာလေသည်။

သူကို ကြည့်ရတာ အသက်နှစ်ဆယ်ထက် မကြိးချေ။ ခေါင်းစ ခြေအဆုံး ခန့်ညားသောဟန်ဖြင့် ဖုံးလွှမ်းနေသည်။ သူက သန်မာပုံပေါ်ကာ နက်ရှိုင်းသော မျက်ဝန်းသည် ကြိးမားသော ဖိအားကို ပေးနိုင်သော အသွင်ရှိသည်။

သူ၏ ဘေး၌  အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦးရိသည်။ သူမက ကျောက်စိမ်းကဲ့သို့ အသားအရည်နှင့် တင့်တယ်လှပသော အသွင်ရှိသည်။ သူမက နှင်းဆီပန်းတစ်ပွင့် ပွင့်ဖူးလာသလိုပင်။ သူမက ချစ်စရာကောင်းကာ နူးညံ့လှသည်။ သို့သော် ဆိုးရွားသော သဘောထားကိုတော့ ကောင်းစွာ ဖုံးထားသည်။ တစ်ချက်ကြည့်ရုံနှင့် မေ့ပျောက်ရန် ခက်ခဲလှသည်။ 

ဆေး (ေဆး)Dove le storie prendono vita. Scoprilo ora