အပိုင်း ၁၃ : ကူဇိုး၏တန်ဖိုး

198 45 3
                                    

Unicode Version

လဝက်အကြာ၌ ဆေးဖက်ဝင်ဟင်းလျာများ ဖော်စပ်ခြင်းအပြင် ကူဇိုးက ဆေးလုံးများကိုလည်း ဖော်စပ်သေးသည်။ ဆေးချီများကို မြန်နိုင်သလောက် မြန်မြန် စုဆောင်းနိုင်ချိန် သူ၏ ဆေးလုံးဖော်စပ်နှုန်းက နှေးနေသည်ဟု ခံစားမိသည်။ လောလောဆယ် သူက ချီစွမ်းအင်ထုတ်လုပ်ခြင်းဆေးလုံးများကို ဖော်စပ်နေကာ အားဖြည့်ဆေးလုံးများကတော့ မစရသေးချေ။

အစက တစ်နေ့ကို ဆေးချီလေးမျှင်ကိုသာ ထုတ်နိုင်လေသည်။ ရက်တွေကြာပြီးနောက် ငါးမျှင်မှ ခြောက်မျှင်အထိ ရလာကာ တဖြေးဖြေး များလာသည်။ တစ်ပတ်လောက်ကြာတော့ ဆေးချီသုံးဆယ်ကို ရပြီးလေပြီ။ သူအပိုဆေးချီများကို ရသောအခါ systemက စုဆောင်းတာကို ရပ်ဆိုင်းလိုက်ကာ သူ၏ သိုလှောင်ခန်းအလွတ်ထဲကို ထည့်ထားလိုက်သည်ကို ကူဇိုးသတိထားမိလေသည်။

ကူဇိုးက အထဲကို ကြည့်ကာ ထိုအကန့်ထဲ၌ နွားနို့ရောင် မြွေအကောင် ငါးဆယ်ခန့်လောက်က လွင့်မျောနေသည်ကို တွေ့လိုက်ရသည်။ သူတို့က လှပကာ အမှောင်ထဲ၌ လင်းထိန်နေသော အလင်းတန်းများနှင့် တူလှသည်။

ဆေးချီကို မည်သို့ အသုံးပြုရမည်ကို မသိသေး။ ထိုအရာတို့ကို ထိရန် ကြိုးစားသော်ငြား ထိုအရာတို့က သူတို့ကိုယ်တို့ကို လိမ်လိုက်ကာ လစ်သွားလေသည်။ တစ်ကြိမ်ပြီး တစ်ကြိမ် ကြိုးစားသော်လည်း စိတ်ပျက်လာကာ လက်လျှော့လိုက်သည်။

ထို့နောက် ကူဇိုး အားဖြည့်ဆေးကို ဖော်စပ်ရန် စတင်လေသည်။

ထိုနေ့ ဂုန်ယိတျန်းဟန်က ခုံပေါ်၌ မှီကာ ထိုင်နေကာ လက်ကို ဆန့်ထုတ်ထားသည်။ ကူဇိုးက သူ၏ နလုံးခုန်နှုန်းကို စမ်းနေသည်။

ကူဇိုးက အတော််််လေး အာရုံစူးစိုက်နေကာ အချက်အလက်သေးသေးလေးကိုမျှ မဘွတ်ရဲချေ။

သူ၏ နလုံးခုန်တိုင်းတာမှုက သာမန်ပင်။ နှလုံးခုန်နှုန်းကို တိုင်းတာခြင်းက တစ်စုံတစ်ယောက်၏ ရောဂါကို မပြသနိုင်သော်လည်း ယေဘူယျကိုတော့ ခန့်မှန်းနိုင်လေသည်။ သူ၏ အတွင်းကလီစာများ မန်ရိဒျန်များ ကောင်းလာ မကောင်းလာကိုတော့ ကူဇိုး ပြောနိုင်လေသည်။

ဆေး (ေဆး)Where stories live. Discover now