အပိုင်း (၃၂) : လူမှုလောက၏ သတင်း

102 18 1
                                    

Unicode Version

ပထမဆုံးပုလင်းသည် ချက်ချင်းပင် လေလံထွက်သွားသည်။

စျေးများကို တစ်ယောက်ပြီး တစ်ယောက် အပြိုင်အဆိုင် အော်နေကြသည်။ တစ်ခဏအတွင်းပင် စျေးက ရွှေပြား ငါးသောင်းအထိ မြင့်သွားသည်။

ထိုအချိန်တွင် လူတစ်ယောက်အသံက ဟိန်းခနဲ ထွက်လာသည်။ "အားလုံးပဲ ကျနော့်ရဲ့ စီးမားမိသားစုကို မျက်နှာ‌သာပေးပါလို့ တောင်းဆိုပါရစေ"

သူ့အသံပြီးနောက် မည်သူကမှ ဆက်၍ လေလံမဆွဲရဲချေ။

ထို့နောက် ဒုတိယတစ်ပုလင်းကို လေလံစဆွဲလေသည်။

အခုအခေါက်တွင်လည်း စျေးက ရွှေပြားငါးသောင်းအထိ ဆက်တိုက် မြင့်တက်သွားချေသည်။

ထိုအချိန် အမျိုးသမီးအသံက ထွက်ပေါ်လာသည်။ ငြင်သာပြီး လှပသည်။ "အားလုံးပဲ ကျမရဲ့ သွမ့်မူ မိသားစုကို မျက်နှာ‌သာလေးပေးပါလို့ တောင်းဆိုပါရစေ"

ထို့နောက် မည်သူကမှ ဆက်ပြီး လေလံမဆွဲရဲတော့ချေ။

ထိုကဲ့သို့ အဖြစ်အပျက်များက အကြိမ်အနည်းငယ်အထိ ဖြစ်လာသည်။

ထို့နောက် ဟေးလျန်မိသားစု ထို့နောက် ဟွမ်ဖူးမိသားစု။ ဂုန်ယိမိသားစုက ငါးခုမြောက်ပုလင်းကို မဝယ်ခင်အထိ ယာယီငြိမ်သက်နေသေးသည်။

 ခြောက်ခုမြောက်ပုလင်း လေလံတင်သောအချိန်တွင် အထူးသဖြင့် ပြင်းထန်လာသည်။

နောက်ဆုံးတော့ ကူဇိုး အဆင့်မြင့်ချီထုတ်လုပ်ခြင်းဆေးလုံး တစ်ပုလင်းစီကို မိသားစုကြီးငါးခုမှ အသီးသီး ဝယ်သွားကြသည်ကို သိလိုက်ရသည်။ စျေးက အတိုးအလျော့မရှိ ငါးသောင်းအတိဖြစ်ကာ ကုန်ကျသော တန်ဖိုးထက် ၂၅ဆ ကွာခြားသည်။ ထပ်ပေါင်းပြီး ပြောရလျှင် မိသားစုကြီးတစ်ခုမှ ပါးစပ်ဖွင့်ကာ တောင်းဆိုလိုက်လျှင် မည်သူကမျှ အတင့်ရဲကာ ဆက်ပြီး လေလံမဆွဲနေချေ။

သူက သူ့အလုပ်ရှင်ပြောခဲ့သော တစ်ခုခုကို ပြန်သတိရမိသွားသည်။ ဒီချီထုတ်လုပ်ခြင်းဆေးလုံးတွေကို ခြောက်သုတ်ခွဲပြီး လေလံတင်မှာလို့... ဒီခန့်မှန်းချက်က အရမ်းကို တိကျလွန်းတယ်။

ဆေး (ေဆး)Hikayelerin yaşadığı yer. Şimdi keşfedin