Unicode version
မိသားစုများ၏ မျိုးဆက်သစ်များကို ငယ်စဥ်ကတည်းက ပညာသင်ပေးကြသည်။ ချီတျန်းယူကလည်း တူညီသော ပညာရေးကို သင်ယူခဲ့သည်။ ဥပမာ လူတစ်ချို့က သူ့ကို မှတ်မိနေတာမျိုးပေါ့။ ချန်းယွမ်အင်ပါယာ၏ အမျိုးမျိုးသော မိသားစုများက သူတို့ကိုယ်သူတို့ ထင်ပေါ်အောင်လုပ်ရာ၌ မထိပါးသင့်သောသူကို မထိပါးမိရန် အလွန်ဂရုပြုလေသည်။ အရေးကြီးဆုံးက ချန်းယွမ်မြို့၏ မိသားစုငါးစုပင် ဖြစ်သည်။
ဂုန်ယိ တျန်းဟန်၏ ကောလာဟသများကတော့ ဂုန်ယိမိသားစု၏ နေမကောင်းသော သခင်လေးဖြစ်ကာ သူ့ပုံရိပ်က အတော်လေးကောင်းမွန်ကာ ခိုင်မာသောအခြေခံရှိပြီး ဒဏ္ဏာရီလာစာအုပ်များထဲမှ သူရဲကောင်းနှင့် တူလှသည်။ တခြားမိသားစု လေးစု၏ သခင်လေးများကလည်း ကျော်ကြားလှသည်။ မိသားစု တစ်ခုချင်းစီ၌ ထူးချွန်သော သိုင်းပညာရှင်များရှိလေသည်။ သိုင်းပညာရှင်များကို ရိုသေလေးစားကြချိန်၌ ဂုန်ယိတျန်းဟန်တစ်ယောက် ဘေးမှသာ ထိုင်ကြည့်နိုင်လေသည်။ လူများက အင်ပါယာ၏ 'သားတော်များ'ဟု ရည်ညွှန်းချိန်၌ သခင်လေး လေးယောက်မဟုတ် ငါးယောက်ဖြစ်သည်။ ထိုလူ၏ အံ့ဖွယ်က အရမ်းကို အံ့သြစရာကောင်းကာ နှလုံးသားကတော့ မထောက်ခံချင်သော်ငြား အပေါ််ယံ၌ သူ့ကို လူထုက လေးစားလေသည်။
ချီတျန်းယူက ဂုန်ယိတျန်းဟန်ကို လေးစားကာ idol တစ်ယောက်လို သဘောကျလေသည်။ ကူဇိုးက ထိုမျှအထိ မဖြစ်သော်ငြား သူ့ကို လေးစားလေသည်။
ထိုသူ၌ သူမတူသော စိတ်ဓာတ်ပြင်းပြမှု ရှိလေသည်။ သူသာ အလျှော့မပေးလျှင် မလွယ်ချေ။
ကူဇိုးက ထိုကဲ့သို့ သူများကို နှစ်ခြိုက်လေသည်။
ဂုန်ယိမိသားစုက နှစ်ပေါင်းများစွာ အတော်ဆုံးဆေးဆရာများကို ရှာသော်ငြား သူ့ကို မကုသနိုင်ချေ။ အခွင့်အရေးရှိလျှင် လုပ်နိုင်မည်ဟု ကူဇိုး ယုံကြည်လေသည်။ သူ၏ item စာအုပ်များ၌ ရှေးကျကာ ခန္ဓာကိုယ်ကို အားဖြည့်နိုင်သော ရှားပါးသော ဆေးညွှန်းများ ပါရှိလေသည်။ တစ်ခုမျှ အလုပ်မဖြစ်သည်က မဖြစ်နိုင်။ နောက်ဆုံးအခန်း သုံးခန်း၌ ဖြစ်တောင့်ဖြစ်ခဲ ကုရန်ခက်ခဲသော ရောဂါများကို ရေးထားလေသည်။ ကူဇိုး မူးချင်ချင်ဖြစ်သွားသည်။ သူသာ တျန်းဟန်ကို လူချင်းတွေ့နိုင်လျှင် နည်းလမ်းရှာနိုင်သည်။
YOU ARE READING
ဆေး (ေဆး)
Historical Fictionကူဇိုး : မင်းဖျားနေတာလား? ဂုန်ယိ တျန်းဟန် : မင်းမှာ ဆေးရှိလား? ကူဇိုး : မင်းဖျားနေတာပဲ ဂုန်ယိ တျန်းဟန် : ငါဖျားနေတယ်လို့ ပြောရင် မင်းက ကုပေးမှာလား? ကူဇိုး : ငါ့မှာဆေးရှိရင် မင်းက ယူမှာလား? ဂုန်ယိ တျန်းဟန် : မင်းမှာ ရှိသလောက် ငါလိုချင်တယ် ကူဇိုး : မ...