Unicode Version
အတွင်း၌ နောက်ထပ် တံခါးပေါက် ပွင့်သွားပြီး ဇီးကွက်ကိုးက အရင် ဝင်သွားကာ ထို့နောက် မျက်နှာ တစ်ဝက်ကို ဖုံးကွယ်ပေးသော မျက်နှာဖုံးအချို့ကို ကမ်းပေးလေသည်။
ကူဇိုးက တစ်ခုကို ယူပြီး တပ်ကြည့်ကာ သူဌေးလေးတစ်ယောက်ကဲ့သို့ ခံစားမိလေသည်။
ဒါက ဒဏ္ဍာရီလာ ပုံစံအစစ်ကို ဖုံးကွယ်ပေးတဲ့အရာလား? ငါက ဒါကို သုံးရတဲ့အကြောင်းက ဒီမှာ ကိုယ့်ရဲ့ ပုံစံအစစ်ကို ဖုံးကွယ်ပေးရမယ့် စည်းမျဥ်းတို့ တစ်ခုခု ရှိတာလား...
သူ ထိုအကြောင်းအရာကို အကြာကြီး မတွေးနေပါ။ ဂုန်ယိတျန်းဟန်လည်း သူ့မျက်နှာဖုံးကို တပ်ပြီးသည့်နောက် အထဲသို့ ဝင်ကြလေသည်။
ချက်ချင်းပင် ဆူညံသံများ နားထဲသို့ ဝင်သွားကာ မျက်လုံးများက တောက်ပနေသည်။
ကူဇိုးက မျက်တောင်ခတ်က တခဏကြာ အလင်းရောင်ကို နေသားကျသွားပြီးနောက် သူက တလောကလုံး ပြောင်းလဲသွားသကဲ့သို့ပင်။ အထဲ၌ သန်မာသော ဖိအားကို ခံစားမိလေသည်။
ဤနေရာမှ လူများက အရမ်း မဆူညံနေသော်လည်း သူတို့ တော်တော်ကြီး ဒေါသထွက်နေကြသည်။ ဝင်လာရုံပင် ရှိသေးသည်။ သွေးနံ့များ ခြောက်သွေ့သော အပူအနည်းငယ်တို့ကို ချက်ချင်းပင် ခံစားမိနေသည်။
လူတွေ အများကြီး ရှိနေသည်။ အားလုံးက မျက်နှာဖုံးကို မတပ်ထားကြပါ။ မျက်နှာဖုံးတပ်ထားသော သူများက တခြားသူများနှင့် ကွဲထွက်နေသည်။
သိသိသာသာပင် မျက်နှာဖုံးတပ်ထားသော သူက အပြင်ဘက်မှ မိတ်ဆက်ခံထားသောသူဖြစ်ကာ မဝတ်ထားသော သူများက ဤနေရာ၌ အကြာကြီး ရှိနေသော သူများ ဖြစ်ကာ တစ္ဆေတာအိုကို ကျင့်ကြံနေသူ ဖြစ်နိုင်သည်။
လူအုပ်ထဲ၌ အနက်ရောင် ကျောက်တုံးအဝိုင်းရှိသည်။
ထိုအဝိုင်း၌ လူနှစ်ယောက်က မတ်တပ်ရပ်နေကာ သေခြင်းရှင်ခြင်းပြိုင်ပွဲကို ပြိုင်နေသောသူများ ဖြစ်သည်။ အဝိုင်း၏ အစွန်၌ အလွန်လှပသော အမျိုးသမီးတစ်ယောက်က တင်းကြပ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားကာ အလွန်ဆွဲဆောင်မှု ရှိလှသည်။
YOU ARE READING
ဆေး (ေဆး)
Historical Fictionကူဇိုး : မင်းဖျားနေတာလား? ဂုန်ယိ တျန်းဟန် : မင်းမှာ ဆေးရှိလား? ကူဇိုး : မင်းဖျားနေတာပဲ ဂုန်ယိ တျန်းဟန် : ငါဖျားနေတယ်လို့ ပြောရင် မင်းက ကုပေးမှာလား? ကူဇိုး : ငါ့မှာဆေးရှိရင် မင်းက ယူမှာလား? ဂုန်ယိ တျန်းဟန် : မင်းမှာ ရှိသလောက် ငါလိုချင်တယ် ကူဇိုး : မ...