Unicode Version
ချက်ချင်းဆိုပဲ ဆောင်းဦးတောင်တန်းများ နွေဦးသစ်ပင်များလို တောက်ပနေသော လလို လူချမ်းသာအငွေ့အသက်များက ကူဇိုးစိတ်ကို ဖြတ်သန်းသွားသည်။ ထပ်ပေါင်းရလျှင် တခြားလူက စာချုပ်ချုပ်ရန် ညီတူညီမျှ ပျော်ရွှင်နေသည်။ ထိုသူ၏ပုံက တကယ့်ကို အံ့သြနေပုံ ပေါက်နေသည်။ အခုတလော ရုပ်ချောသောသူများနှင့် ဆက်ဆံရ အရမ်းကို လွယ်ကူနေသည်။ သူကလည်း သူ့ကို ကျေနပ်စေချင်သည်... အစက ဂုန်ယိတျန်းဟန်အပေါ် သူ၏အပြစ်ရှိသလို ခံစားရသောစိတ်က ခုနစ်လောက်ရှိသည်ဆိုလျှင် ချက်ချင်းပင် တစ်ဆယ်ကို ရောက်သွားလေသည်။ အခုတလော သူ၏ အပြုအမူများက သိပ်မသင့်တော်ဟု ခံစားရသည်။
ဤရုပ်ချောချော မင်းသားလေးက ပါးစပ်ကို ဖွင့်ကာ "ဒါဆို ငါတို့ ဒီသဘောတူညီမှုကို ဘယ်လိုပြီးအောင် လုပ်ရမှာလဲ?" ကူဇိုး ကြောင်အသွားသည်။
သူ့ကာကွယ်သူနှင့် စာချုပ်ချုပ်ရန်အတွက် အားအကုန်သုံးခဲ့ပေမဲ့ သူနှင့် တကယ်တမ်း ရင်ဆိုင်ရတော့့ အဓိကသဘောတူညီချက်မှာ ပါဝင်သော အရာကို သူလုံးလုံးမေ့နေခဲ့သည်။
အနည်းငယ်ပြုံးလျက် သူ့ရှေ့က လှပသောလူက ယဥ်ယဥ်ကျေးကျေးပင် "ဒီည ကူ..."
"ကျနော့်ကို အားဇို ရှောင်ကူဖြစ်ဖြစ် ရှောင်ဇိုးဖြစ်ဖြစ် ခေါ်ပါ။ စိတ်မပူပါနဲ့"
ဒီဆက်ဆံရေး၌ အားလုံးက အတူတကွ ကောင်းကောင်းမွန်မွန် အလုပ်လုပ်နိုင်ရန် ရင်းနှီးနေမှ ဖြစ်မည်။
ချောမောသော တျန်းဟန်က ခေါင်းညိတ်ကာ မတ်တပ်ရပ်ပြီး "အားဇို မင်းအတွက် အခန်းတစ်ခန်း စီစဥ််််ပေးပရစေ။ မင်းအတော်လေး ပင်ပန်းနေရောပေါ့။ အခုလောလောဆယ် နားလိုက်ဦးပေါ့။ မနက်ဖြန်မှ ဆက်ပြီး ဆွေးနွေးလို့ ရတာပဲ"
ကူဇိုး ရင်ထဲ ထိသွားသည်။ သူမြန်မြန်ပင် သဘောတူလိုက်ကာ ပွင့်လင်း ရိုးသားသောစိတ်ဖြင့် သူ့အခန်းသို့ သွားရန် သူ့နောက်ကို လိုက်လာသည်။
အသင့်ပြင်ထားသော ဧည့်သည်ခန်းက ချီမိသားစု၏ ခေါင်းဆောင်အိပ်ခန်းထက်ပင် ပိုသားနားနေသေးသည်။ အချိန်အကြာကြီး သူ့နှလုံး ပင်ပန်းလာသည်။ နောက်ဆုံး သူ့သတိကို ချလိုက်နိုင်သည်။ သူအိပ်ရာဝင်ပြီးနောက် အိပ်ပျော်သွားလေသည်။
YOU ARE READING
ဆေး (ေဆး)
Historical Fictionကူဇိုး : မင်းဖျားနေတာလား? ဂုန်ယိ တျန်းဟန် : မင်းမှာ ဆေးရှိလား? ကူဇိုး : မင်းဖျားနေတာပဲ ဂုန်ယိ တျန်းဟန် : ငါဖျားနေတယ်လို့ ပြောရင် မင်းက ကုပေးမှာလား? ကူဇိုး : ငါ့မှာဆေးရှိရင် မင်းက ယူမှာလား? ဂုန်ယိ တျန်းဟန် : မင်းမှာ ရှိသလောက် ငါလိုချင်တယ် ကူဇိုး : မ...