Unicode Version
ဟေးလျန်ရှင်းချန်းသည် သုံးမီတာ ရှည်သည်။ မွေးကတည်းကပင် ကျားတစ်ကောင်၏ ကျောပြင်နှင့် ဝက်ဝံတစ်ကောင်၏ ခါးနှင့် ဖြစ်သည်။ သူ၏ အသွင်အပြင်မှာ ပွင့်လင်းကာ သူရဲကောင်းဆန်ပုံ ပေါ်သည်။ သို့သော်လည်း သူ၏မျက်လုံးများကတော့ ရက်စက်မှုများနှင့် ပြည့်နှက်နေသည်။ ထိုအရာကိုသာ ကြည့်လျှင် သူက လုံးဝ သူရဲကောင်းတစ်ယောက်နှင့် တူမနေ။ ထို့အစား သူက အရမ်းကို စိတ်ထားသေးသိမ်သော လူအသွင် ဖြစ်သွားစေသည်။
အခုတင်ပဲ ဂုန်ယိတျန်းဟန်အား စကားအနည်းငယ်ပြောခဲ့သည်။ တျန်ဟန်၏ လက်အောက်၌ ကျရှုံးသွားခဲ့သည့်အတွက်ကြောင့် အတော်လေး ဒေါသထွက်နေသည်။ အခု သောင်းကျန်းချင်နေသည်။
ကူဇိုး ဟေးလျန်ရှင်းချန်းကို ကြည့်ကာ နည်းနည်းလေးမျှ မနှစ်သက်နေချေ။
စိတ်ထဲကနေပြီး 'သူက မြို့တော်က သခင်လေးတစ်ယောက်။ သိုင်းပညာကို မလေ့ကျင့်နိုင်တဲ့လူနဲ့ ယှဥ်ပြီး အခုလို ပြိုင်ပွဲနေရာမှာ မဟုတ်တာတွေ မပြောသင့်ဘူးလေ။ လူဆိုးတစ်ယောက်လို ပြောတာက သူကို မကောင်းတဲ့သူလို့ ထင်မိစေမှာကို မသိဘူးလား? ယေဘုယျအားဖြင့် အဲ့လို မဟုတ်တာပြောတဲ့လူက ပါးရိုက်ဖို့ ပိုပြီး လွယ်ကူစေတယ်'
ဘာမှမသိသော ကူဇိုးတောင်မှ ဟေးလျန်ရှင်းချန်း၏ မောက်မာမှုကို မောက်မာမှုဖြင့်သာ ပြန်၍ တုန့်ပြန်သင့်သည်ကို နားလည်လေသည်။ အရင်က ပြိုင်ဘက်များနှင့် ယှဥ်လျှင် သူက အမှန်တကယ်ကို သန်မာလှသည်။
တိုက်ပုံတိုက်နည်းမှနေ နည်းလမ်းများအထိ ထို့အပြင်ခွန်အားကြီးဖြင့်ပင် လူများကို လွင့်ထွက်သွားအောင် လုပ်နိုင်သည်။
သူ၏ အလုပ်ရှင်က အရင်ကကဲ့သို့ အသွင်တူသော ညွှန်ကြားချက်တို့ မရှိတော့သည်ကို ကူဇိုး သတိထားမိလေသည်။ အရင်ပွဲများ၌ သူက များပြားသော တိုက်ကွက်များကို ညွှန်ကြားလေသည်။ ပြီးတော့ တျန်းဟန်၏ ပြိုင်ဘက်များက သူ့အလုပ်ရှင်၏ ညွှန်ကြားချက်များကို ခုခံမည့် ကိုယ်ပိုင်ဟန် တိုက်ကွက်တို့ကိုသုံးကာ ထိုအရာကပင် နဂါးတစ်အား မြန်မြန် အနိုင်ရစေသည်။
YOU ARE READING
ဆေး (ေဆး)
Historical Fictionကူဇိုး : မင်းဖျားနေတာလား? ဂုန်ယိ တျန်းဟန် : မင်းမှာ ဆေးရှိလား? ကူဇိုး : မင်းဖျားနေတာပဲ ဂုန်ယိ တျန်းဟန် : ငါဖျားနေတယ်လို့ ပြောရင် မင်းက ကုပေးမှာလား? ကူဇိုး : ငါ့မှာဆေးရှိရင် မင်းက ယူမှာလား? ဂုန်ယိ တျန်းဟန် : မင်းမှာ ရှိသလောက် ငါလိုချင်တယ် ကူဇိုး : မ...