အပိုင်း ၁၄ : ဂုန်ယိမိသားစုအိမ်ကို သွားခြင်း

264 51 5
                                    

Unicode Version

ဒါက အသေခံတာမဟုတ်ဘူးလား...

ထိုစကားတို့ကို မထင်မှတ်ပဲ ပြောမိသွားသည်။ သစ္စာရှိလူယုံနဂါးတစ်ကပင် တောင့်တင်းသွားကာ ကူဇိုးကို စိုက်ကြည့်နေသည်။ တျန်းဟန်က မနေနိုင်ပဲ ရပ်လိုက်သည်။ သူက နဖူးကို ထောက်ကာ ရယ်ချလိုက်သည်။

ကူဇိုးက ထိုရယ်သံကို ကြားတော့ အလှောင်ခံလိုက်ရသလို ခံစားလိုက်ရသည်။

ကြည့်ရသည်မှာ သူ့စကားက အရမ်းကို တည့်တိုးဆန်သွားသည် ဖြစ်မည်။ အဟဟဟ...

ဂုန်ယိတျန်ဟန် လက်ယက်ခေါ်ပြန်ကာ "အားဇိုး ဒီကို လာပါဦး"

ကူဇိုး တကိုယ်လုံး တောင့်တင်းသွားသည်။

...လာရမယ်?

သူက သူ့ကာကွယ်သူ၏ပုံကို ကြည့်လိုက်သည်။ ချောမောသောမျက်နှာ ထူးဆန်းမှုများနှင့် ပြည့်နေသော အနက်‌ရောင်မျက်လုံးများ၊ မာကျောကာ ကြိုးစားသော နှလုံးသား

သူ့ပုံကို ကြည့်ကာ ကူဇိုး သူ့ကို သွားပြီး အရိုက်မခံရစေချင်ပေ။

သူ့ကာကွယ်သူကို အလုံးစုံယုံကြည်ကာ ကူဇိုး သူ့နားကို သွားလိုက်သည်။

ဂုန်ယိတျန်ဟန်က သူ့ခေါင်းကို ပုတ်ကာ ပို၍ ချောမောစွာ ပြုံးလိုက်ပြီး "စိတ်ချပါ။ ငါသွားပြီးတော့ အသေမခံပါဘူး"

ကူဇိုးမျက်နှာ နီရဲသွားလေသည်။

သူက ငါးတစ်ကောင်လိုပင် အသက်ရှူလိုက်သည်။ သူခေါင်းညိတ်လိုက်ကာ "...အို"

ဂုန်ယိတျန်ဟန်က ထိုကလေးကြောင့် နည်းနည်းမျှ မရှက်ချေ။ သူ့ပုခုံးကို အသာလေးပုတ်နေကာ "မိသားစုစစ်ပွဲအချိန်မှာ ဆေးဖော်တာ ရပ်လိုက်။ ငါမင်းကို ခေါ်သွားမယ်။ မင်းငါ့မိဘတွေနဲ့ ရင်နှီးဖို့ လိုတယ်"

ကူဇိုး ခေါင်းညိတ်ပြန်ကာ သူ့ဆေးဖော်စပ်ခန်းကို ငိုင်တိုင်တိုင်နှင့် ဝင်သွားသည်။ သူက ရုတ်တရက် 'ဟမ်? သူ့ကာကွယ်သူရဲ့ မိဘတွေနဲ့ တွေ့ရမှာ? သူဘာတွေ ကြံနေတာလဲ?'

ဒီရက်ပိုင်း ဂုန်ယိတျန်ဟန်က ထပ်မရှင်းပြတော့ချေ။ သူ့က စာကြည့်ခန်းမှာပဲ ညွှန်ကြားနေသည်။ အစောင့်တို့က သူ့ညွှန်ကြားမှုကို ရသည်နှင့် ပျောက်ကွယ်သွားလေသည်။ 

ဆေး (ေဆး)Wo Geschichten leben. Entdecke jetzt