91 19 0
Unicode Version
နားထဲ၌ လေတိုက်သံများကို ကြားနေရသည်။ ကူဇိုး သူ့ကိုယ်က ပျော့ခွေလာသည်ကို ခံစားနေရသည်။ သူက အမြန်နှုန်းဖြင့် မြေပြင်မှ ပျံသန်းသွားနေသည်ကို ကြည့်နေသည်။ ဘေးဘက်က သစ်ပင်များကလည်း ချည်မျှင်များလို ဝေဝါးလာသည်။ သူ့အလုပ်ရှင်၏ အလျင်သည် အရမ်းမြန်လှသည်။ တစ်မိနစ်လောက် ကြာပြီးနောက် သူ့အလုပ်ရှင်က ရပ်လိုက်သည်။ သူက ခုန်လိုက်ကာ သူတို့ သစ်ပင်တစ်ပင်ပေါ်၌ ရပ်နေလိုက်သည်။
ကူဇိုးကို သစ်ကိုင်းပေါ်၌ ထားခဲ့သည်။
 တျန်းဟန်က လက်ချောင်းကို နှုတ်ခမ်းပေါ်သို့ ဖိကပ်လိုက်ကာ တိတ်တိတ်နေရန် အချက်ပြလိုက်သည်။
ကူဇိုးက ပါးစပ်ကို ပိတ်လိုက်ကာ ခေါင်းညိတ်ပြလိုက်သည်။
တျန်းဟန်က တည်ငြိမ်သော အမူအရာကို ပေးကာ မနေနိုင်ဘဲ ပြုံး‌လိုက်သည်။
ကူဇိုးက သူ့အလုပ်ရှင်၏ အပြုအမူများကို နားလည်ပေမဲ့ သူလုပ်တာ ဘာမှမရှိချေ။ သူသာ မတော်တဆ အော်မိသွားလို့ သားရဲတစ်ကောင်နဲ့ ရင်ဆိုင်ရရင် သူဘာလုပ်ရမှာလဲ? သူ့ရဲ့ သူရဲဘောကြောင် စိတ်ဓာတ်ကို ဖယ်ရှားဖို့ကို မေ့ပစ်လိုက်ရတော့မှာလား?
တျန်းဟန်က ကူဇိုး၏ အတွေးများကို ခန့်မှန်းမိသည်။ သူ့ကို စကားတစ်ခွန်းမှ မပြောဘဲ ကြည့်နေကာ သူက ခြေထောက်ကို ဖိနင်းကာ ခုန်ထွက်သွားသည်။ သူ့ကိုယ်က ဧရာမငှက်ကြီးတစ်ကောင်ကဲ့သို့ ပျံသန်းသွားကာ တစ်ဖက် သစ်ပင်ပေါ်သို့ ရောက်သွားသည်။
ကူဇိုး အကြည့်များကို မရပ်တန့်နိုင်ချေ။
သူ ဒီအကွက်ကို မှတ်မိသည်။ ထိုအကွက်ကို "ကောင်းကင်လင်းယုန်ခြေလှမ်းများ"ဟု ခေါ်သည်ကို မှတ်မိသည်။ ထိုအကွက်မှာ ထူးခြားသောသိုင်းကွက်ဖြစ်လေသည်။ ထိုအရာက ဟောင်တျန်းသိုင်းပညာရှင်များကို လေဟုန်ဖြင့် ပျံသန်းနိုင်သော စွမ်းအင်ကို ပေးလေသည်။
အမှန်တကယ်ပင် အခုအချိန်၌ ထိုသိုင်းကွက်ထက် သင့်လျော်သောအကွက် မရှိချေ။
ဂုန်ယိတျန်းဟန်က ခဏကြာ လေ့လာနေကာ တစ်ဖန် ကောင်း‌ကင်လင်းယုန်ခြေလှမ်းများကို ပြန်သုံးပြန်သည်။ သူက သစ်ပင်များမှာ မြေပြင်သို့ ခုန်ချသွားကာ ကျွဲပုံစံအလောင်းကို ကိုက်ဝါးနေသော သားရဲဆီသို့ သွားလေသည်။ 
ဆေး (ေဆး)Hikayelerin yaşadığı yer. Şimdi keşfedin