Unicode Version
နေ့ရက်များက လျှင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
ကူဇိုးက ကုတင်ပေါ်၌ ထိုင်နေကာ အသက်ရှူသွင်း ရှူထုတ်နေသည်။ မမြင်နိုင်သောချီများက သူ၏ ကျင့်စဥ်အတိုင်း လှုပ်ရှားနေကာ သူ၏ ကိုယ်ထဲသို့ ဝင်သွားပြီး သူ၏ မန်ရိဒျန်များအတွင်းသို့ ရေလှိုင်းများကဲ့သို့ ဝင်ရောက်သွားသည်။ နောက်ဆုံး၌ သူတို့ကို ကမ္ဘာမြေနတ်ဆိုးအကြောထဲ၌ ဝင်ရောက်စေကာ အဆက်မပြတ် ဝင်ရောက်စေပြီးနောက် ပြီးပြည့်စုံသော ပုလဲလုံးလေးတစ်ခုကို ဖြစ်ပေါ်လာစေသည်။
ဤပုလဲ၏ အပြင်အခွံမှာ ပို၍ပို၍ မာကြောလာသည်။ အရောင်မှာ ပို၍ မီးခိုးရောင်ရင့်ရင့် ဖြစ်လာသည်။
ခဏကြာသည်အထိ ထိုပုလဲက လျှင်မြန်စွာ လှည့်ပတ်နေသည်။ ရုတ်တရက် နာကျဥ်မှုတစ်ခုကို ခံစားလိုက်ရကာ ပုလဲက ချက်ချင်း ရပ်တန့်သွားသည်။ နောက်တစ်စက္ကန့်ကြာချိန်၌ ပင်လယ်နတ်ဘုရား၏ ပုလဲကဲ့သို့ ဖြစ်ပေါ်လာကာ အကြောဆုံ၌ အခြေကျသွားသည်။
ပထမဆုံးအရိုးပုလဲကို အောင်မြင်စွာ ဖွဲ့စည်းလိုက်နိုင်ခဲ့သည်။
ကူဇိုးက မျက်လုံးကို ဖွင့်လိုက်ကာ အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်။
အရိုးပုလဲ ပုံပေါ်လာပြီးနောက် သူ၏ ကိုယ်ထဲ၌ ချီများက စီးချက်ညီညီ လှုပ်ရှားနေသည်ကို ခံစားမိကာ ထိုချီများက အရိုးပုလဲအတွင်း၌ ဝင်ရောက်ကာ ထိုနေရာ၌ စုဆောင်းနေသည်။
အရိုးပုလဲက ကြည့်ရတာ သိပ်မကြီးသောကြောင့် နည်းနည်းထူးဆန်းနေသည်။ သို့သော်လည်း ထိုအတွင်း၌ ရှိနေသော သန့်စင်ချီများက အရမ်းသန်မာနေသည်။ ကူဇိုးက ကျင့်စဥ်အတိုင်း ဆက်ကာ ဆက်ကာ လှည့်ပတ်နေကာ အနည်းဆုံး ၁၈ကြိမ် ရှိနေပြီဖြစ်သည်။ သို့သော်လည်း သူက အရိုးပုလဲအတွင်း၌ သန့်စင်ချီများကို ပြည့်အောင် မဖြည့်နိုင်ပေ။
အရိုးပုလဲကို သန့်စင်ချီများဖြင့် ပြည့်အောင် ဖြည့်နိုင်လျှင် သူ၏ ဆေးဖော်စပ်ခြင်းကို ပို၍ အဆင့်မြှင့်နိုင်မည်ဖြစ်သည်။ အခုဆို တစ်နေ့လျှင် ဆေးအိုး၁၀အိုးမက ဖော်စပ်နိုင်မည်ဖြစ်သည်။
YOU ARE READING
ဆေး (ေဆး)
Historical Fictionကူဇိုး : မင်းဖျားနေတာလား? ဂုန်ယိ တျန်းဟန် : မင်းမှာ ဆေးရှိလား? ကူဇိုး : မင်းဖျားနေတာပဲ ဂုန်ယိ တျန်းဟန် : ငါဖျားနေတယ်လို့ ပြောရင် မင်းက ကုပေးမှာလား? ကူဇိုး : ငါ့မှာဆေးရှိရင် မင်းက ယူမှာလား? ဂုန်ယိ တျန်းဟန် : မင်းမှာ ရှိသလောက် ငါလိုချင်တယ် ကူဇိုး : မ...