Unicode Version
ကွင်းပြင်၌ ပြိုင်ဘက်နှစ်ယောက်က တိုက်ခိုက်နေကြသည်။ စွတ်မားမိသားစုမှ အသက် ၂၃နှစ်အရွယ် သိုင်းပညာရှင်နှင့် ဟေးလျန်မိသားစုမှ အသက် ၂၆နှစ်အရွယ် သိုင်းပညာရှင်တို့ ဖြစ်သည်။
ချီစွမ်းအားနှင့် သွေးများက အပြင်းအထန် ထကြွနေကြသည်။ သူတို့ တိုက်ခိုက်နေပုံက အလွန့်အလွန် ပြင်းထန်နေကာ နက်စောက်သော ရေကန်ကဲ့သို့ တည်ငြိမ်နေသော်ငြား သူတို့၏ သိုင်းပညာများက လျှပ်စီးကဲ့သို့ပင်။ သူတို့၏ လက်သီးများက မိုးကြိုးကဲ့သို့ပင် ရှောင်လိုက် ထိခတ်သွားလိုက်နှင့် သူတို့၏ ကိုယ်တို့က တလျှပ်လျှပ်နှင့် ရွေ့လျားနေကာ လက်သီးများ ထိခတ်မိစဥ်၌ ပေါက်ကွဲမှုများ ထွက်လာသည်။
ရုတ်တရက် သူတို့ထဲမှ တစ်ယောက်က မိုးကြိုးသွားကဲ့သို့ စွမ်းအားနှင့် အပြင်းအထန် တွန်းလိုက်ကာ သူတို့ကြားရှိ ထိခတ်မှုက ပို၍ပင် ပြင်းထန်လာသည်။ တခြားသိုင်းပညာရှင်က အလျင်အမြန်ပင် နောက်ကို ဆုတ်လိုက်ကာ ဆက်တိုက် ဖိနှိပ်ခံနေရသကဲ့သို့ပင်။ သူ့ကို တိုက်ပွဲ၏ အစွန်အထိ တွန်းခဲ့သည်။ ထပ်၍သာ ခုခံနေမည်ဆိုလျှင် စည်းအပြင်သို့ ထွက်တော့မည်။ အရှုံးပေးခြင်းမှ လွဲ၍ သူ့၌ ရွေးစရာမရှိတော့။
သို့သော်လည်း ပထမ သိုင်းပညာရှင်၏မျက်နှာက ရက်စက်မှုတို့ ထွက်ပေါ်လာကာ တခြားသိုင်းပညာရှင်၏ ခါးကို ကန်လိုက်ကာ တစ်ကိုယ်လုံး သားရဲကဲ့သို့ ရက်စက်ကြမ်းကြုတ်နေသည်။ ထို့နောက် သူက ကြာပွတ်ကို ကန့်လန့် ရိုက်ထုတ်လိုက်သည်။
ထိုအချိန်၌ သူ့လက်တို့က လေကဲ့သို့ ဖြစ်နေကာ သူ၏ လက်ဝါးရိုက်ချက်တို့က တခြားသူပေါ်သို့ လျင်မြန်စွာ ကျရောက်လိုက်စေသည်။ ထို့နောက် တခြားသူကို နောက်သို့ သုံးမီတာလောက် လွင့်ထွက်သွားစေရန် လုပ်လိုက်သည်။
သို့သော်လည်း သူက တိုက်ခိုက်မှုကို မရပ်တန့်လိုက်ချေ။ သူ့ခြေထောက်ကို ကြမ်းပြင်၌ ဆောင့်ချလိုက်ကာ တဟုန်ထိုး ပြေးသွားလေသည်။ ထို့နောက် လက်ဝါးနှစ်ဖက်က ဘယ်နှင့်ညာ တိုက်မိကာ အသံတို့က ထွက်ပေါ်လာလေသည်။ သိုင်းပညာရှင်က ဆိုးဝါးစွာ အရိုက်ခံထားရပြီး သူ့ခေါင်းကလည်း ထိုအားပြင်းသော လက်ဝါးချက်ကြောင့် တစ်စစီဖြစ်နေသည်။
YOU ARE READING
ဆေး (ေဆး)
Historical Fictionကူဇိုး : မင်းဖျားနေတာလား? ဂုန်ယိ တျန်းဟန် : မင်းမှာ ဆေးရှိလား? ကူဇိုး : မင်းဖျားနေတာပဲ ဂုန်ယိ တျန်းဟန် : ငါဖျားနေတယ်လို့ ပြောရင် မင်းက ကုပေးမှာလား? ကူဇိုး : ငါ့မှာဆေးရှိရင် မင်းက ယူမှာလား? ဂုန်ယိ တျန်းဟန် : မင်းမှာ ရှိသလောက် ငါလိုချင်တယ် ကူဇိုး : မ...