Unicode Version
ဂုန်ယိတျန်းဟန် သူ၏ ပြဿနာများကို ကိုင်တွယ်ပုံက ပြတ်သားလှသည်။ ကူဇိုးကလည်း တစ်ခုတည်းကိုသာ အောင်မြင်သည်အထိ ဇောက်ချလုပ်ကာ အာရုံစိုက်သောသူ ဖြစ်သည်။ နှစ်ယောက်သား သူတို့၏ အဓိကအကြောင်းအရာများကို ဆွေးနွေးရန် အချိန်တစ်ချို့ကြာသွားသည်။ သဘာဝကျစွာပင် သူတို့က ချန်ယွမ်မြို့တော်၌ အကြာကြီး မနေပေ။
နောက်နေ့မှာ တျန်းဟန်က သူ့ခန္ဓာကိုယ်အား အာဟာရပြည့်စေရန် ဆေးဖက်ဝင်ဟင်လျာများကို စားခြင်းမှလွဲ၍ အချိန်တော််တော်များများကို သူ၏ မိဘအိမ်၌သာနေကာ မောင်နှမများအား ကြည့်ပေးနေသည်။ ထို့နောက် သူ၏ မြောက်များစွာသော ဆွေမျိုးများကို နှုတ်ဆက်လေသည်။
မိသားစုခေါင်းဆောင်က ဂုန်ယိတျန်းဟန်၏ စိတ်ကို နက်ရှိုင်းစွာ နားလည်သည့်အတွက်ကြောင့် သူတို့ကို ကြာကြာမခေါ်ထားချေ။ နေသာသော မနက်ခင်းတစ်ခု၌ ကူဇိုးနှင့် ဂုန်ယိတျန်းဟန်တို့ သူတို့၏ ကိုယ်ပိုင်အိမ်သို့ ပြန်လာလေသည်။
...ဒီမှာ ဟာလာဟင်းလင်း ဖြစ်နေပေမဲ့ တစ်ခါတည်းမှာပင် ကူဇိုး စိတ်သက်သာရာရသွားသည်။
ကူဇိုးက သူ့အလုပ်ရှင်အား ကတိပေးထားသည့်အတွက်ကြောင့် သူပြန်ရောက်သည်နှင့် မနားပါ။ သူ စာရင်းပြုစုနေချိန် စာကြည့်ခန်းထဲ၌ အသံများကို ကြားနေရသည်။ စာရင်းတစ်ခုစီက ပါဝင်သော ဆေးပင်များဖြင့် ပြည့်နေကာ... ဒီတစ်ကြိမ်မှာတော့ ထိုအရာများက ကူဇိုး ဆေးဖော်ခြင်းအတွက် မဟုတ်ချေ။ ထိုဆေးပင်များက သူ၏ အလုပ်ရှင်အတွက်သာ ဖြစ်လေသည်။
ဂုန်ယိတျန်းဟန်ကလည်း လိုအပ်သည်များကို အစွမ်းကုန် ဖြည့်စည်းပေးလေသည်။ သူက စာရင်းများကို တစ်ချက်ကြည့်ကာ တျန်းလုံအစောင့်များအား ထိုကိစ္စကို ဆောင်ရွက်ရန် အမိန့်ပေးလိုက်သည်။ ပစ္စည်းအားလုံးကို သူ၏ ကိုယ်ပိုင်ပိုက်ဆံဖြင့် ဝယ်ကာ သူ၏ မိသားစုဘဏ္ဍာတိုက်မှ မဟုတ်ချေ။
တျန်းလုံအစောင့်များက လုပ်နိုင်စွမ်း ရှိကြသည်။ သိပ်မကြာမီ မှာထားသော ဆေးပင်များကို ကျန်ခဲ့သည်မရှိ ယူလာလေသည်။
STAI LEGGENDO
ဆေး (ေဆး)
Narrativa Storicaကူဇိုး : မင်းဖျားနေတာလား? ဂုန်ယိ တျန်းဟန် : မင်းမှာ ဆေးရှိလား? ကူဇိုး : မင်းဖျားနေတာပဲ ဂုန်ယိ တျန်းဟန် : ငါဖျားနေတယ်လို့ ပြောရင် မင်းက ကုပေးမှာလား? ကူဇိုး : ငါ့မှာဆေးရှိရင် မင်းက ယူမှာလား? ဂုန်ယိ တျန်းဟန် : မင်းမှာ ရှိသလောက် ငါလိုချင်တယ် ကူဇိုး : မ...