အပိုင်း ၂၀ : မိသားစုလေးခု၏ သခင်လေးများ /မိသားစုေလးခု၏ သခင္ေလးမ်ား

183 43 3
                                    

Unicode Version

ကူဇိုး ရင်ထဲ တင်းကြပ်ကြပ်ဖြစ်သွားသည်။ "သူတို့ ဘာလုပ်ခဲ့တာလဲ?"

ဂုန်ယိမင်ရှား တစ်ခုခုကို ပြန်စဥ်းစားနေကာ သူမ သဘောမကျဖြစ်သွားသည်။ "အဲ့တာက အခြားမိသားစုကြီး လေးခုရဲ့ ကလေးတွေကြောင့်ပဲ။ အစ်ကိုကြီးရယ် အခြား သခင်လေးလေးယောက်က ဆယ့်နှစ် ဆယ့်သုံးလေးတွေပဲ ရှိသေးတာ။ ပြီးတော့ လေးယောက်လုံးက နာမည်ကြီး သွေးသန့်စင်ခြင်းသိုင်းပညာရှင်တွေ။ ရလဒ်အနေနဲ့ သူတို့အားလုံး သိုင်းပညာပြိုင်ပွဲမှာ တစ်ဖွဲ့တည်း ပြိုင်ခဲ့ကြတယ်။ အဲ့အချိန်တုန်းက အကိုကြီးကလည်း ၁၂နှစ်ပဲ။ ဒါပေမဲ့ အစ်ကိုကြီးရဲ့  ထူးချွန်လွန်းတဲ့ အရည်အချင်းတွေကြောင့် အခြားမိသားစုက သခင်လေး၄ဦးကို သူနဲ့ အမြဲတမ်း နှိုင်းယှဥ််ကြတယ်။ ‌ဟေးလျန်နဲ့ စီးမားမိသားစုက သခင်လေးတွေက သူ့ကို လှောင်ပြီး ဒီလောက်အရည်အချင်းရှိနေမှတော့ သူတို့နဲ့အတူတူ ပြိုင်ပွဲမှာ ဝင်သင့်တယ်ဆိုပြီး ပြောလိုက်တယ်"

လေးလေးနက်နက် မတွေးတောဘူးသော ကူဇိုးပင် ထိုစကားများကို ကြားပြီးနောက် မျက်မှောင်ကြုံ့သွားသည်။ "ဒီကောလာဟသတွေနဲ့ လှောင်ပြောင်တာတွေကလည်း အဲဒီအိုကြီးအိုမတွေ လုပ်တာပဲလား?"

"အတိအကျပဲ။ ဘယ်သူကမှ အကိုကြီးကို မယှဥ်နိုင်ဘူး။ ဒါပေမဲ့ အဲ့တုန်းက သူ့ကျန်းမာရေးနဲ့ အသက်အရွယ်ကြောင့် အဘိုးက အကိုကြီးရဲ့ အရည်အချင်းတွေကို အများကြီး မထုတ်ပြစေချင်ခဲ့ဘူး။ အကိုအားဇိုး သိတဲ့အတိုင်းပဲ ဒါက အကိုကြီးရဲ့ အားနည်းချက်သာမကဘူး သူ့အတွက် အန္တရာယ်လည်း ဟုတ်တယ်။ ကောလာဟသတွေက အမှားတွေလို့ ပြောပြီး ဖြေရှင်းနိုင်ပေမဲ့ အဲ့ဒီအိုကြီးအိုမတွေက အတင်းဖိအားပေးခဲ့တယ်။

အဲ့တာကြောင့် အပြင်လူတွေအတွက်တော့ သိုင်းမကျင့်နိုင်တဲ့အကိုကြီးက အတော်တက အတော်ဆုံးသူတွေနဲ့ ရောနှောပြီး ယှဥ်ပြိုင်လိုက်တာက သူတို့မျက်နှာကို ဖြတ်ရိုက်လိုက်တာနဲ့ မတူဘူးလား? အဲ့လိုနဲ့ သူတို့က ဒီအခြေအနေက အကိုကြီးရဲ့ ကံဆိုးမှုလို့ ပြောကြတယ်။ အဲ့ဒီအိုကြီးအိုမတွေက အကိုကြီးက အရင်မှားနေတယ်လို့ပဲ ပြောနိင်တယ်။ လူငယ် ပါရမီရှင်တွေက  ဒေါသကို ထွက်ပေမဲ့ ထိန်းထားကြရတာပေါ့"

ဆေး (ေဆး)Where stories live. Discover now