Unicode Version
ဂုန်ယိတျန်းဟန်က ထိုအရာကို ကြားတော့ ပြုံးလိုက်သည်။ "အားဇိုးက ငါတို့ရဲ့ စားဖိုမှူးလုပ်ပေါ့။ ဒါပေမဲ့ အားဇိုးကိုယ်တိုင် ဆုံးဖြတ်ပြီး ချက်ပေါ့"
ကူဇိုးက အနည်းငယ် ချောက်ကပ်ကပ် ရယ်လိုက်ကာ တော်သေးသည်ဟု ခံစားလိုက်ရသည်။
သူ၏ အလုပ်ရှင်က တကယ်ကို ကောင်းမွန်သော လူတစ်ယောက်ဖြစ်သည်. မထင်မှတ်ပဲ တျန်းဟန်က သူ့အား မစချေ။ နောင်ကျလျှင် ဘယ်လိုစားမလဲဆိုတာကိုပဲ တွေးမနေသင့်ပေ။ ထိုအရာမှာပဲ မနေသင့်ချေ။ သူ ထိုအရာကို အကျယ်ကြီး ဖွင့်မပြောသင့်ချေ။
ဝံပုလွေအလောင်းများက အစားအစာအတွက် အမဲလိုက်သူများကို အလွယ်တကူ ဆွဲဆောင်လိမ့်မည်။ တျန်းဟန်က သူ့အား မြေပေါ်သို့ ချပြီးနောက် ကူဇိုးက သွားကာ အရာအားလုံးကို မြန်ဆန်စွာ ကိုင်တွယ်လိုက်သည်။
သို့သော်လည်း ကူဇိုး၏ ပါဝင်ပစ္စည်းများကို သွေးများ စွန်းထင်းသွားကာ တစ်ခုလုံး နံဟောင်နေသည်။ နဂါးနှစ်က ထိုကဲ့သို့သော တာဝန်များနှင့် ရင်းနှီးကျွမ်းဝင်နေသည်ကို သိနိုင်ကာ အစုံသုတ်သိသော ရှုဝမ်ဟေးလည်း ရှိသေးသည်။
ထိုနှစ်ယောက်က ဝတ်ရုံလက်ထဲမှ အနံ့ပျောက်အမှုန့်ကို ထုတ်လိုက်ကာ သွေးကွက်များပေါ်သို့ ဖြူးလိုက်ကာ အနံ့အသက်များကို ပျောက်စေသည်။ တခဏတွင်းပင် ထိုအရာများကို ကိုင်တွယ်လိုက်သည်။
ကူဇိုးက အသားကို ပြင်ဆင်ထုပ်ပိုးပြီးသွားကာ နဂါးနှစ်ယူလာသော လှည်းထဲ၌ သိုလှောင်လိုက်သည်။
ထို့နောက် သူတို့ ထိုနေရာ၌ တစ်ညကုန်ဆုံးကြသည်။
အနီးအနား၌ ရေရနိုင်သော နေရာမရှိချေ။ ရှိလျှင်လည်း လွယ်လွယ်ကူကူ သုံးရဲမည် မဟုတ်ချေ။ ထိုရေများကို ရေချိုးရန်လည်း မသုံးခဲ့ချေ။ ထို့ကြောင့် ဂုန်ယိတျန်းဟန်က သူ့မျက်နှာမှ ဖုန်များကို သုတ်ကာ သန့်ရှင်းလိုက်သည်။ ကျန်သုံးယောက်၏ လိုအပ်ချက်များမှာ ပိုနည်းလှသည်။
ခေတ်သစ်ကမ္ဘာမှ လာသော ကူဇိုးအတွက် သူမကြိုက်သော်လည်း ဖုန်တင်ခံရသည်က အရမ်းကြီး မဆိုးဝါးနေချေ။ သို့သော်လည်း ဒီကမ္ဘာသို့ ရောက်ပြီးနောက် သူ မတတ်နိုင်ဘဲ ရက်အတော်ကြာ သူ့အလုပ်ရှင်အား လေ့လာကာ အချိန်ဖြုန်းခဲ့ရချိန်ကပင် သူ့အား နာကျင်မှုကို ခံစားရစေပြီးပြီ ဖြစ်သည်။ ရက်အတော်ကြာ ရေမချိုးခြင်း စသည်တို့က အရမ်း လိုအပ်နေသော အရာများ မဟုတ်ပေ။ ထို့အပြင်က ထိုအရာက သူ့အား အနေရခက်အောင် လုပ်နေသည်ဟု မခံစားရချေ။
YOU ARE READING
ဆေး (ေဆး)
Historical Fictionကူဇိုး : မင်းဖျားနေတာလား? ဂုန်ယိ တျန်းဟန် : မင်းမှာ ဆေးရှိလား? ကူဇိုး : မင်းဖျားနေတာပဲ ဂုန်ယိ တျန်းဟန် : ငါဖျားနေတယ်လို့ ပြောရင် မင်းက ကုပေးမှာလား? ကူဇိုး : ငါ့မှာဆေးရှိရင် မင်းက ယူမှာလား? ဂုန်ယိ တျန်းဟန် : မင်းမှာ ရှိသလောက် ငါလိုချင်တယ် ကူဇိုး : မ...