အပိုင်း (၃၉) : တောတွင်း ဥပဒေသ/ ေတာတြင္း ဥပေဒသ

125 26 2
                                    

Unicode Version

တခဏကြာတော့ ဂုန်ယိတျန်းဟန်က "ဝမ်ဟေး အားဇိုးကို ကာကွယ်ဖို့ ဒီမှာ နေခဲ့။ ငါသွားပြီး သိမ်းငှက်အမကို အဝေးကို မျှားခေါ်သွားမယ်။ နဂါးနှစ် ဟိုလူတွေကို ကူပြီး သိမ်းငှက်အထီးရဲ့ ခေါင်းကို ဖြတ်ခဲ့"

ရှုဝမ်ဟေးနှင့် နဂါးနှစ်က ပြန်တုန့်ပြန်လေသည်။ "ဟုတ်ကဲ့ သခင်လေး"

ကူဇိုးက "သခင်လေး တျန်းဟန် ဂရုစိုက်နော်"

တျန်းဟန်က ပြုံးကာ ထို့နောက် နဂါးနှစ်နှင့်အတူ ပျောက်ကွယ်သွားသည်။

ကောင်းကင်လင်းယုန်ခြေလှမ်းများနှင့်အတူ သူ့ကိုယ်က ဒုံးကျည်ကဲ့သို့ တဟုန်ထိုး လှလှပပ ပြေးထွက်သွားသည်။ သူ၏ လှံက လျင်မြန်စွာ သိမ်းငှက်အမကို ထိုးထည့်လိုက်သည်။ နဂါးနှစ် လေးကို ကိုင်ကာ မြားသုံးချောင်းကို တပြိုင်တည်း သိမ်းငှက်အထီး၏ ကိုယ်သို့ ပစ်ထည့်လိုက်သည်။ ခဏကြာတော့ ၎င်းက လေထဲ၌ မပျံသန်းနိုင်တော့ပဲ ထိုသိုင်းပညာရှင်များ၏ သိုင်းကွက်များအကြား ပိတ်မိသွားလေသည်။

သူတို့ နှစ်ယောက်ပေါ်လာခြင်းက တခြားသူများကို အံ့သြသွားစေသည်။ သူတို့က လာကူသောအတွက်ကြောင့် သူတို့ အနည်းငယ် စိတ်သက်သာသွားသည်။

မျက်နှာလေးထောင့်နှင့် လူကြီးက အသံဩကြီးဖြင့် "ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိစ္စတွေ ဖြေရင်းပြီးသွားရင် သင့်ကို ဆုကြေးငွေ ပေးမှာပါ"

ဂုန်ယိတျန်းဟန်နှင့် နဂါးနှစ်က ဆက်လက် ငြိမ်သက်နေသည်။ သူတို့က သူတို့ဘာသာ သိမ်းငှက်နှစ်ကောင်နှင့် တိုက်ခိုက်နေသည်။

တျန်းဟန် လှံနှင့် ထိုးသည်နှင့် ၎င်း၏ စွမ်းအားများက အားပြင်းစွာ ထွက်လာကာ ထိုအရာက သိမ်းငှက်အမကို ထိုးချလိုက်သည်။ ရလဒ်အနေနဲ့ ၎င်းက ပို၍ ဒေါသထွက်သွားကာ ပြန်တိုက်ခိုက်လေသည်။ သို့သော်လည်း တစ်ဖက်က ကောင်းကင်လင်းယုန်ခြေလမ်းများကို တတ်ကျွမ်းလေသည်။ သိမ်းငှက်အမ၏ တိုက်ခိုက်မှုများက ပြင်းထန်ပေမဲ့ တျန်းဟန်က ပို၍ ကောင်းသော တိုက်ကွက်များကို ထုတ်လွှတ်နိုင်သည်။ ကူဇိုးက သူ့ခြေထောက်တွေ ဘယ်လို ပတ်ရှောင်နေမှန်း မသိတော့ချေ။ သို့ပေမဲ့ သူက ထိုထက်ရှသော လက်သည်းများကို ရှောင်ပြီးသား ဖြစ်နေသည်။ ‌ထို့နောက် သူ့ခါးကို လှည့်လိုက်ကာ လှံက တျန်းဟန်၏ နံရိုးအောက်မှ ထွက်လာသည်။ မထင်မှတ်စွာပင် ထိုအရာက သိမ်းငှက်၏ ဘယ်ဘက်အတောင်မှ သေစေနိုင်သော နေရာကို ထိုးမိသွားသည်။

ဆေး (ေဆး)Where stories live. Discover now