အပိုင်း (၃၃) : ကူဇိုး၏ ဆုံးဖြတ်ချက်

131 23 3
                                    

Unicode Version

ထိုအချိန်မှာ ကူဇိုး ရုတ်တရက် ရယ်ချင်သွားသည်။

ချီဖုန်းက ပိုင်ဝမ်ကျူအား ဇွဲရှိစွာ တွယ်ကပ်ထားသည်။ ပိုင်ဝမ်ကျူက "ပါရမီရှင်တစ်ယောက်"ဖြစ်သည့်အပြင် မိသားစုကလည်း ကြီးသောကြောင့် ဖြစ်သည်။ အခုတော့ ပိုင်ဝမ်ကျူက ချန်ယွမ်မြို့တော်သို့ သွားကာ ထောက်ပံ့သူတစ်ယောက်ကို အပြေးအလွှား လာရှာနေသည်။ မေးခွန်းက သူက မိသားစုကြီး ငါးခုထဲက ဘယ်မိသားစုဆီက ထောက်ပံ့တာကို လိုချင်နေတာလဲ? ကူဇိုးနှင့် ပူးပေါင်းထားသော အလုပ်ရှင်မှလွဲ၍ ပိုင်ဝမ်ကျူအတွက် တစ်ခြားသူများအား ကပ်လို့ ရမည်ပင် မဟုတ်ချေ။

ခဏလောက် ကူဇိုးက သူ့ကို တွေ့ လျှင် ဖြစ်ပျက်သွားမည် ချီဖုန်းနှင့် ပိုင်ဝမ်ကျူတို့၏ မျက်နှာတို့ကို တွေးကာ ပျော်ရွှင်နေမိသည်။

သူက မြန်မြန်ဆန်ဆန်ပင် ထိုအတွေးကို ဖိနှိပ်ထားလိုက်သည်။

သူတို့နှစ်ယောက်က သူ့အလုပ်ရှင်အတွက် မျက်လုံးထဲ ထည့်ထားစရာလိုသော်ငြား သူတို့ဟာ ပြဿနာကောင်များ ဖြစ်သည်။ ကူဇိုးက သူ့အလုပ်ရှင်နှင့် တစ်ဖက်တည်း နေရန် ဆုံးဖြတ်ထားသည့်အတွက်ကြောင့် သူ့အလုပ်ရှင်၏ ဆုံးဖြတ်ချက်ကို မနှောက်ယှက်ချေ။

ကူဇိုးက သူ့အလုပ်ရှင်၏ သဘောထားကို နားလည်ချေသည်။

သူ့အလုပ်ရှင်က ကူဇိုး သူတို့နှစ်ယောက်ကို စိတ်ကြိုက် ကိုင်တွယ်နိုင်စေရန် ထိုမျှအထိ လုပ်ပေးထားသည်။

သို့သော် သူဘယ်လို ကိုင်တွယ်မှာလဲ?

ကူဇိုးက သူတို့နှစ်ယောက်အား သတ်ပစ်ရန်ပင် တွေးမိသည်။

သို့သော်လည်း မပြောဖြစ်။

သူက ခေတ်သစ်ကမ္ဘာမှ လာသည့်အတွက်ကြောင့် သူ့လက်ကို သွေးမစွန်းချင်။ သို့သော် လက်တွေ့တွင်မူ သူက အခုချိန်မှာ ကျင့်သားမရသေးသော်လည်း ကျင့်သားရလာသော နေ့တို့ ရှိလာမည်ဖြစ်သည်။ သူ့ရင်ထဲ၌ သနားနေခြင်း‌ မဟုတ်ချေ။ မူလ ချီဖုန်းနှင့် ပိုင်ဝမ်ကျူသည်ပင် ချီတျန်းယူအား မသနားခဲ့ချေ။

ဆေး (ေဆး)Wo Geschichten leben. Entdecke jetzt