Unicode Version
ကူဖိုးက သူ့အလုပ်ရှင် ဘယ်လိုလုပ်ပြီး ဒီလို တိကျတဲ့အချက်အလက်တွေကို ရလာပါလဲဆိုတာကို မသိချေ။ သို့သော် သူ ခဏကြာတွေးပြီးနောက် မမေးပဲနေလိုက်ရန် ဆုံးဖြတ်လိုက်သည်။
အရင်ဆုံး ပြောရမယ်ဆိုရင် ဒီအချိုမုန့်တွေရဲ့ အရသာတွေက အရမ်း ကောင်းတယ်။ သူက မုန့်လုပ်နည်းကို လေ့လာပြီး သင်ယူနိုင်မည်ဟုပင် ခံစားမိသည်။ ဒုတိယအနေနဲ့ သူက သူ့အလုပ်ရှင်ရဲ့ လုပ်ပုံကိုင်ပုံကို သူ နည်းနည်းလေးမျှသာ နားလည်သည်။ တျန်းဟန်က သူ့ကို စပြီး မရှင်းပြတဲ့အတွက် သူ့အလုပ်ရှင် ပြောမှသာ သိရသည်။
ဘာပဲဖြစ်ဖြစ် သူ စိတ်ရှည်သည်းခံပြီး စောင့်ဆိုင်းမည်။
သိပ်မကြာခင်မှာပဲ လေလံပွဲ စတင်လေပြီ။
နဂါးတစ်က သူတို့ရှေ့မှ လိုက်ကာကို မတင်လိုက်ကာ ဖောက်ထွင်းမြင်နိုင်သော အရောင်ပါ ဖန်သားပြင်ကြီးတစ်ခု ပေါ်လာသည်။ ဒီလို အရောင်ပါ ဖန်သားပြင်က အပြင်မှ အထဲကို မမြင်နိုင်။ သို့သော်လည်း အထဲမှ အပြင်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
အရှေ့ဆုံး၌ ကျောက်ပြားတစ်ချပ်က မြင့်တက်လာသည်။ ထိုအပေါ်တွင် မန်ရိဒျန် ဖွဲ့စည်းခြင်းအဆင့်(၃)ရှိ သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက် ရှိလေသည်။
သူက ဒီလေလံပွဲ၏ အစီအစဥ်ကြေညာသူ ဖြစ်လေသည်။
ထို့နောက် သူက လက်ခုပ်တီးကာ သူ့နောက်မှ မိန်းမလှလေးများစွာက ထွက်လာသည်။ မိန်းမလှလေးတစ်ယောက်ချင်းစီက လက်ထဲ၌ အဝတ်တစ်ခုဖြင့် ဖုန်းထားသော ဗန်းတစ်ခုစီကို သယ်လာသည်။ ထိုအောက်မှ အရာများကို လုံးလုံးမမြင်ရနိုင်ချေ။
ကူဇိုးက စိတ်ဝင်စားစွာဖြင့် စောင့်ကြည့်နေသည်။
လေလံပွဲတွင် ပါဝင်သူများက ရှေးဝတ်စုံများကို ဝတ်ထားခြင်းမှ လွဲ၍ တခြားအရာများက သူ့ကမ္ဘာမှာ ရုပ်မြင်သံကြား၌ မြင်နိုင်သော အရာများနှင့် မကွာလှချေ။
အမှန်ပြောရမယ်ဆိုလျှင် တစ်ခုခုက သူ့အား စိတ်အနှောက်အယှက် ပေးနေသည်။ အသံချဲ့စက်မရှိဘဲ ဘယ်လိုများ လေလံဆွဲနိုင်ပါ့မလဲ။ ဘယ်သူအကျယ်ကျယ် ပြိုင်တဲ့ပြိုင်ပွဲများလား?
STAI LEGGENDO
ဆေး (ေဆး)
Narrativa Storicaကူဇိုး : မင်းဖျားနေတာလား? ဂုန်ယိ တျန်းဟန် : မင်းမှာ ဆေးရှိလား? ကူဇိုး : မင်းဖျားနေတာပဲ ဂုန်ယိ တျန်းဟန် : ငါဖျားနေတယ်လို့ ပြောရင် မင်းက ကုပေးမှာလား? ကူဇိုး : ငါ့မှာဆေးရှိရင် မင်းက ယူမှာလား? ဂုန်ယိ တျန်းဟန် : မင်းမှာ ရှိသလောက် ငါလိုချင်တယ် ကူဇိုး : မ...