Unicode Version
ချီဖုန်း ခေါ်သောစျေးက သိပ်မမြင့်ချေ။ ရွှေပြား ၈၃၀၀သာ ဖြစ်သည်။
သို့သော်လည်း ဒီပမာဏက တခြားသူများကို လက်လျှော့သွားအောင် မလုပ်နိုင်ချေ။ တခြားသူများကလည်း အမြန်အဆန် လေလံဆွဲကြသည်။ သိပ်မကြခင်မှာပင် စျေးက ၈၉၀၀အထိ ရောက်သွားသည်။
မိသားစုလေးများအတွက် ထိုကဲ့သို့ ဆေးအိုးအသေးလေးများကသာ သူတို့ တတ်နိုင်သော ပမာဏအတွင်း ရှိသည်။ သို့သော် သူတို့ ဘာသာတော့ ရှာနိုင်စွမ်းမရှိ။ ချီဖုန်းကလည်း နောက်ဆုတ်မည်မဟုတ်ချေ။
မြန်မြန်ပင် သူက "ရွှေပြား ၉၁၀၀"
သူ၏ အသံက ခိုင်မာစွာ ဆုံးဖြတ်ထားသော အသံဖြစ်သည်။
ကူဇိုးက ချီဖုန်း၏ အသံကို ကြားသောအခါ တုန်ခါသွားသည်။ ချက်ချင်းပင် သူရောက်လာလာချင်းက တွေခဲ့သော ကုတင်ပေါ် ၌ လှဲနေသောပိန်ပါးသောလူငယ်လေးအလောင်းကို ပြန်မြင်ယောင်နေမိသည်။
ထိုအချိန်က ချီတျန်းယူက ထက်ရှသော လက်နက်တစ်ခုဖြင့် လည်းပင်ထဲသို့ ထိုးစိုက်ခဲ့သည်။ သူ့လို ငယ်ရွယ်ပြီး ဖြူစင်သော ကောင်လေးက အခုလို အလွန်အမင်း စိတ်ဓာတ်ကျသွားတဲ့အထိ ဘယ်လောက်တောင် ခံစားခဲ့ရသလဲ? ဒီကမ္ဘာ၌ သိုင်းပညာရှင်များကို ရိုသေလေးစားကြသည်။ ချီတျန်းယူက ဘယ်တော့မှ တခြားသူများကို အန္တရာယ်ပေးမည်မဟုတ်။ သူ ပထမဆုံး သတ်ခဲ့ဖူးသော လူမှာ သူကိုယ်တိုင်ပင် ဖြစ်သည်။
ဂုန်ယိတျန်းဟန်၏ အသံက ကူဇိုး၏ အာရုံကို ပြန်ရလာစေသည်။ "ဒီဆေးအိုးလေးက ရွှေပြား ၁၁၀၀၀ထက် ပိုပြီး မတန်ဘူး"
သူက လက်ကိုမြှောက်ကာ အချက်ပြလိုက်သည်။
ထိုအချိန် နဂါးနှစ်က ပါးစပ် ဟလိုက်သည်။
ထိုအရာက ထူးဆန်းလှသည်။ သူ့အသံက ပုံမှန်နှင့်မတူ အနည်းငယ် ကွာခြားနေသည်။ အခုအသံက ငယ်ရွယ်သော မာနကြီးသော ကောင်လေးတစ်ယောက်အသံ ဖြစ်သည်။ "ရွှေပြား ၉၅၀၀"
ကူဇိုးက အံ့အားသင့်သွားကာ သူ့အလုပ်ရှင်အား မေးလိုက်သည်။ "သခင်လေး တျန်းဟန် နဂါးနှစ်က ဒီလို အရည်အချင်းမျိုးလည်း ရှိတာလား?"
YOU ARE READING
ဆေး (ေဆး)
Historical Fictionကူဇိုး : မင်းဖျားနေတာလား? ဂုန်ယိ တျန်းဟန် : မင်းမှာ ဆေးရှိလား? ကူဇိုး : မင်းဖျားနေတာပဲ ဂုန်ယိ တျန်းဟန် : ငါဖျားနေတယ်လို့ ပြောရင် မင်းက ကုပေးမှာလား? ကူဇိုး : ငါ့မှာဆေးရှိရင် မင်းက ယူမှာလား? ဂုန်ယိ တျန်းဟန် : မင်းမှာ ရှိသလောက် ငါလိုချင်တယ် ကူဇိုး : မ...