Unicode Version
လုပ်ဆောင်ချက်တစ်ခုလုံးက စည်းချက်ညီလှသည်။ ကူဇိုး၏ လှုပ်ရှားမှုများက လွင့်မျောနေသော တိမ်များ စီးဆင်းနေသော ရေကဲ့သို့ပင်။ ကြည့်လျှင် မျက်စိပဒေသဖြစ်လှသည်။
များစွာသော ပါဝင်ပစ္စည်းများကို အိုးထဲသို့ ထည့်ပြီးနောက် မြန်မြန်ဆန်ဆန် ရောသွားကာ မွှေးကြိုင်လှသော ဟင်းနံ့ ပေါ်ထွက်လာသည်။ အဓိက ပါဝင်ပစ္စည်းက မီးဓာတ်ဖြစ်သောကြောင့်လား မသိ ဟင်းနံ့က ပို၍ပင် အနံ့ပြင်းနေသည်။ ကူဇိုးက အိုးကို ဇွန်းရှည်ဖြင့် မွှေပြီးနောက် ပြင်းထန်နေသော အနံ့မှာ တစ်ခုခုဖြင့် ဓာတ်ပြုသွားကာ အနံ့သိပ်မပြင်းတော့ချေ။
နာရီဝက်လောက် ကြာပြီးနောက် ပါဝင်ပစ္စည်းများမှာ ပြီးပြည့်စုံစွာ ရောနှောသွားပြီ ဖြစ်သည်။ ကူဇိုးက အနံ့ခံလိုက်ကာ ညာလက်ဖြင့် အတွင်းဆုံးမှ အနူးညံ့ဆုံး အရသာအရှိဆုံး အသားများကို ခပ်ထုတ်လိုက်သည်။ သူက အစကတည်းက ပြင်ဆင်ထားသော ခရမ်းရောင်ဝါးပန်းကန်ထဲသို့ ခပ်ထည့်လိုက်သည်။ ထိုပန်းကန်မျိုးမှာ အနံ့ဖျော့ဖျော့လေးတစ်ခု ရှိကာ ထိုအနံ့မှာ ဆေးဖက်ဝင်ဟင်းလျာဖြင့် လိုက်ဖက်ညီလှသည်။ ပန်းကန်က ဟင်း၏ ရနံ့ကို ပို၍ နိုးကြားစေသည်။
ပန်းကန်တစ်ခုချင်းစီ၌ အကောင်းဆုံးသော ဆေးဖက်ဝင်ဟင်းလျာတို့ကို ထည့်သော ပထမဆုံး ဆေးဆရာမှာ သူပင်ဖြစ်မည်။ သဘာဝကျစွာပင် သူက သူ၏ ချစ်လှစွာသော အလုပ်ရှင်အား ပေးလိုက်သည်။
ကူဇိုးက မီးပုံအား ငြိမ်းရန်ကိုလည်း မမေ့ချေ။ သူက ကျန်သော ဆေးဖက်ဝင်ဟင်းလျာများကို အကျက်မလွန်စေချင်ပေ။
ကူဇိုးက ခရမ်းရောင်ဝါးပန်းကန်ကို ပေးကာ စိတ်လှုပ်ရှားစွာပင် "သခင်လေးတျန်းဟန် မြည့်ကြည့်ဦးမလား?"
ဂုန်ယိတျန်းဟန်က ပန်းကန်ကို ကြည့်လိုက်ကာ အားနေသော လက်တစ်ဖက်ဖြင့် ကူဇိုး၏ ခေါင်းကို ပွတ်သပ်လိုက်သည်။ "ကျေးဇူးပဲ အားဇိုး"
ထို့နောက် သူက ပန်းကန်ထဲက ဟင်းလျာကို ကြည့်လိုက်သည်။ အရောင်က ပါဝင်ပစ္စည်းများ ပေါင်းစပ်မှုကြောင့် အနီရောင်အဖျော့ဖြစ်သည်။ သူက တစ်ဇွန်းမြည်းကြည့်ကာ ရယ်လိုက်ပြီး "ကြည့်လို့ကောင်းရင် စားလို့ တကယ်ကောင်းတာပဲ"
YOU ARE READING
ဆေး (ေဆး)
Historical Fictionကူဇိုး : မင်းဖျားနေတာလား? ဂုန်ယိ တျန်းဟန် : မင်းမှာ ဆေးရှိလား? ကူဇိုး : မင်းဖျားနေတာပဲ ဂုန်ယိ တျန်းဟန် : ငါဖျားနေတယ်လို့ ပြောရင် မင်းက ကုပေးမှာလား? ကူဇိုး : ငါ့မှာဆေးရှိရင် မင်းက ယူမှာလား? ဂုန်ယိ တျန်းဟန် : မင်းမှာ ရှိသလောက် ငါလိုချင်တယ် ကူဇိုး : မ...