Unicode Version
ဂုန်ယိတျန်းဟန်က ဖြေးဖြေးချင်း မတ်တပ်ရပ်လိုက်ကာ အောက်သို့ ဆင်းလိုက်သည်။
တျန်းလုံအစောင့် ခေါင်းဆောင် နဂါးတစ်က ချက်ချင်းပင် ထရပ်လိုက်သည်။ သူက ပြိုင်ပွဲနေရာအလယ်သို့ ခုန်ဆင်းလိုက်သည်။
ကူဇိုးက သူတို့ကို ကြည့်နေသည်။
နဂါးတစ်က တျန်းဟန်ကိုယ်စား တိုက်မှာလား?
အဲ့လိုဆိုရင်တော့ သူ့အလုပ်ရှင်က အန္တရာယ်မရှိဘူးပေါ့။ တခြားမိသားစုတွေကလည်း ဒါကို လက်ခံတယ်လား? တော်ဝင်မိသားစုကတောင် မကန့်ကွက်ကြဘူးလား?
ထူးဆန်းတယ်။ အရမ်းထူးဆန်းတယ်။
သူ့အလုပ်ရှင်က နေမကောင်းတဲ့သူဆိုတော့ ဒါက စည်းကမ်းမဖောက်ဘူးပေါ့။
ကူဇိုး၏မျက်နှာက နည်းနည်းထူးဆန်းသည့်ပုံ ပေါက်သွားသည်။
သူ့အလုပ်ရှင်မှာ အင်အားရှိနေတာကြောင့် မဟုတ်ဘဲ... သူက သူ့အလုပ်ရှင်ကို အမှန်တကန် လေးစားလေသည်။ တချို့အရာများက မရိုးရှင်းဘူးဆိုတာကို သူနားလည်လေသည်။
တချိန်တည်းမှာပင် နဂါးတစ်က ပြိုင်ပွဲနေရာ၌ တည်ငြိမ်စွာ ရပ်နေကာ ဂုန်ယိတျန်းဟန်က စင်အောက်၌ ရပ်နေကာ လက်ကို အနောက်ပစ်ထားသည်။ အကာအကွယ်အနေဖြင့် တျန်းလုံအစောင့်များက အနီးအနား၌ ရှိလေသည်။
နဂါးတစ်၏ ဆန့်ကျင်ဘက်၌ သာမန်ထက် ခွန်အားကြီးသော လူငယ်တစ်ယောက်၏ ပုံရိပ် ပေါ်လာသည်။ သူ့၌ ထူထဲသောမျက်ခုံ ပြူးကျယ်သောမျက်လုံးများ လေးထောင့်အသွင်မေးရိုးရှိကာ သူရဲကောင်းဆန်သောအငွေ့အသက်များ ရှိကာ သူ့ကိုယ်မှ အင်အားကြီးသော အရှိန်အဝါတို့က ပေါ်ထွက်နေသည်။
နှစ်ဖက်စလုံးက တူညီသော သိုင်းပညာရှင်အုပ်စုမှဖြစ်သည်။ နှစ်ယောက်စလုံး မန်ရိဒျန်သိပ်သည်းခြင်းအဆင့် ဖြစ်သည်။ ထိုအရာက ဟောင်ထျန်းအဆင့် ခုနစ်နှင့်အထက် သိုင်းပညာရှင်များ ဖြစ်ကြသည်။
နဂါးတစ်နှင့် ဟေးလျန်မိသားစုမှ လူငယ်လေးနှစ်ယောက်စလုံးသည် မန်ရိဒျန်သိပ်သည်းခြင်းအဆင့်သုံး ဖြစ်ကြသည်။
YOU ARE READING
ဆေး (ေဆး)
Historical Fictionကူဇိုး : မင်းဖျားနေတာလား? ဂုန်ယိ တျန်းဟန် : မင်းမှာ ဆေးရှိလား? ကူဇိုး : မင်းဖျားနေတာပဲ ဂုန်ယိ တျန်းဟန် : ငါဖျားနေတယ်လို့ ပြောရင် မင်းက ကုပေးမှာလား? ကူဇိုး : ငါ့မှာဆေးရှိရင် မင်းက ယူမှာလား? ဂုန်ယိ တျန်းဟန် : မင်းမှာ ရှိသလောက် ငါလိုချင်တယ် ကူဇိုး : မ...