Unicode Version
ထိုနေ့မှစကာ ဂုန်ယိတျန်းဟန်နှင့် ကူဇိုးတို့ နှစ်ယောက် နေ့စဥ်အလုပ်များကို အတူတူလုပ်ကာ ပို၍ ရင်းနှီးလာကြသည်။
မနက်တိုင်း ကူဇိုးက ချီထုတ်လုပ်ခြင်းဆေးလုံးနှင့် အသားအရည်ထိန်းသိမ်းပေးခြင်းဆေးလုံးများ ဆေးဖော်စပ်လေ့ရှိသည်။ ဂုန်ယိတျန်းဟန်မှာမူ ဒီဗိုင်းဆေးပညာကျင့်စဥ်နှင့် ဝိဉာဥ်စိုက်အပ်တို့ကို လေ့လာနေသည်။
မွန်းတည့်အချိန်၌ ကူဇိုးသည် စွမ်းအင်ပြန်ပြည့်တင်းလာစေရန် နားပြီး တျန်းဟန်သည် သူ၏ စိတ်အခြေအနေကို ပြန်လည်တည်ငြိမ်လာစေရန် အနားယူသည်။
မွန်းလွဲပိုင်းတွင် ကူဇိုးသည် မြန်မြန်ဆန်ဆန် လိပ်ကလေး မန်ရိဒျန်မာကြောခြင်း ဆေးရည်နှင့် ဖော်စပ်လေသည်။ တျန်းဟန်က ဆေးရည်စိမ်ကာ ဆေးဖက်ဝင်ဟင်းလျာကို စားသည်။ သူတို့နှစ်ယောက် သုံးနာရီလောက် အတူတူ အချိန်ကုန်ဆုံးကြသည်။
ညအချိန်၌ တျန်းဟန်က ကူဇိုးအား ဒီဗိုင်းဆေးပညာကျင့်စဥ်ကို သင်ကြားပေးသည်။ ထို့အပြင် ဝိဉာဥ်စိုက်အပ်အကြောင်းကိုလည်း သင်ကြားပေးသေးသည်။
တချိန်တည်းမှာပင် ကူဇိုးက မကြာမကြာ တျန်းဟန်၏ စီးပွားရေးကိစ္စများ၌ ပါဝင်ကူညီပေးသည်။ ဂုန်ယိတျန်းဟန်က ကူဇိုးအား ကိုယ်ပိုင် ဆုံးဖြတ်ချက်ချမှတ်နိုင်သော အခွင့်အား မပေးသေးသော်လည်း သူက ကူဇိုး၏ စီးပွားရေးပြဿနာများအပေါ် သုံးသပ်ချက်များကို လိုက်နားထောင်ပေးသည်။ ထို့အပြင် တျန်းဟန်က လိုအပ်ချက်များကို ထောက်ပြကာ ဖြည့်စွက်ပေးသည်။
သူ့အလုပ်ရှင်က သူ့အား စီးပွားရေးအကြောင်းကိုပါ သင်ပြပေးနေသည်ကို သိသည်။ ဤကဲ့သို့ သင်ကြားချက်အောက်၌ တဖြေးဖြေးချင်း ဤကမ္ဘာ၏ အကြောင်းများကို ပိုပိုသိလာသည်။ ချီတျန်းယူမှတ်ဉာဏ်များထဲ၌ လုံးလုံးမရှိသော အကြောင်းအရာများကိုပါ ထပ်သိလာရသည်။
ဤသို့ဖြင့် တျန်းဟန်က ကူဇိုးအား စိတ်ရှည်လက်ရည် သင်ကြားပေးကာ ကူဇိုးကလည်း တျန်းဟန်အား ပို၍ မှီခိုလာသည်။
YOU ARE READING
ဆေး (ေဆး)
Historical Fictionကူဇိုး : မင်းဖျားနေတာလား? ဂုန်ယိ တျန်းဟန် : မင်းမှာ ဆေးရှိလား? ကူဇိုး : မင်းဖျားနေတာပဲ ဂုန်ယိ တျန်းဟန် : ငါဖျားနေတယ်လို့ ပြောရင် မင်းက ကုပေးမှာလား? ကူဇိုး : ငါ့မှာဆေးရှိရင် မင်းက ယူမှာလား? ဂုန်ယိ တျန်းဟန် : မင်းမှာ ရှိသလောက် ငါလိုချင်တယ် ကူဇိုး : မ...