အပိုင်း (၂၅) : ဝန်ခံခြင်း/ ဝန္ခံျခင္း

123 29 0
                                    

Unicode Version

သူ၏ ရိုးသားမှုအပြင် သူက ဘယ်လောက်အထိ ရိုးသားနိုင်မှာမလို့လဲ? စိတ်တည်ငြိမ်အောင် အချိန်တချို့ကို ယူပြီးနောက် ကူဇိုး သေသေချာချာ ထပ်စဥ်းစားနေလိုက်သည်။

သူ စနစ်နဲ့ ပတ်သက်ပြီး သေသေချာချာ ရှင်းပြရမယ်။ မဟုတ်ရင် ဒါက သူနဲ့ သူ့အလုပ်ရှင်ကြားက အတားအဆီးတစ်ခု ဖြစ်လာလိမ့်မယ်။ သို့သော်လည်း ဒါက ဘာအတားအဆီးကိုမှ မဖြစ်လာနိုင်လောက်ပါဘူးနော်။ သူ ဒီကို ကူးပြောင်းလာတဲ့ ကိစ္စနဲ့ ပတ်သတ်တာကိုတော့ ပြောစရာမလိုပင်။

သူက ချီတျန်းယူ၏ ပုံရိပ်ကို ကောင်းကောင်း အသုံးပြုခဲ့သည်။ ဖြူစင်ပြီး ရိုးသားသော သူလေး။ ဒါပေမဲ့ သူတကယ်ကို ဘယ်လိုလုပ်ပြီး စနစ်က ရောက်လာတယ်ဆိုတာကို မသိ။ ဒီကိစ္စကို အစကတည်းက ဖော်ပြလိုက်တာ အကောင်းဆုံးပဲ။

သေသေချာချာ တွေးတောပြီးနောက် ကူဇိုးက သူ့ကိုယ်ကို ရေချိုးကန်မှာ မှီပြီး နားလိုက်သည်။ သူ၏ နှလုံးခုန်နှုန်းက စတင် မြန်လာကာ "သခင်လေး တျန်းဟန် ကျွန်တော် အရင်က ကံကောင်းတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ပြောဖို့ မေ့သွားတာလေးတွေ ရှိလို့..."

ဂုန်ယိတျန်းဟန်၏ မျက်ခုံးများ တွန့်သွားသော်လည်း မျက်လုံးများက မပွင့်လာ။

ကူဇိုးက သူသေသေချာချာ ကြားနေရသည်ဆိုတာကို သိသည်။ ထို့ကြောင့် ဆက်ကာ ပြောနေလိုက်သည်။ "သခင်လေးတျန်းဟန်လည်း ကျနော် အရင်က ဘာကို ဖြတ်ကျော်ခဲ့ရတယ်ဆိုတာကို သိပါတယ်..."

သူက ချီတျန်းယူ၏ အဖြစ်အပျက်များကို ပြန်ပြောလေသည်။ "အဲ့အချိန်တုန်းက ကျနော် တကယ် အသက်မရှင်ချင်ခဲ့တော့ဘူး။ အမ်... ကျနော် သတ်သေချင်ခဲ့မိတာ..."

တျန်းဟန် မျက်လုံးကို ဖွင့်လိုက်သည်။

ကူဇိုးက အနေရခက်စွာဖြင့် ရယ်ကာ "ကြည့်ရတာ ကောင်းကင်ဘုံက ကျနော့်ကို သနားသွားတယ်ထင်တယ်။ ရုတ်တရက် ကျနော့် စိတ်ထဲမှာ 'စနစ်'ဆိုတဲ့အရာကို ကြားခဲ့လိုက်ရတယ်။ အဲဒီနောက် ကျနော် အသက်ဆက်ရှင်ခဲ့တယ်"

သူ့ကံက သိပ်မဆိုးဘူးလို့ ခံစားမိသည်။ သူ့ကို ကုန်တင်ကားက ဖြတ်တိုက်သွားတဲ့အချိန်မှာ သူတကယ် သေသွားခဲ့ရမှာ ဒါပေမဲ့ စနစ်က ရောက်လာပြီး သူအသက်ဆက်ရှင်နေခဲ့တယ်။ အသက်ဆက်ရှင်ခဲ့တဲ့အတွက် သူ့မှာ ပြန်သွားဖို့ အခွင့်အရေးရှိတယ်မလား?

ဆေး (ေဆး)Where stories live. Discover now