Unicode Version
ချီတျန်းယူ မှတ်ဉာဏ်အရ တျန်းဝူနယ်မြေမှာ ဆေးဆရာတွေကို နှစ်မျိုး နှစ်စား ခွဲထားလေသည်။ စစ်မှန်သည်နှင့် မစစ်မှန်သည်ဟူ၍ပင်။ ဆေးလုံးဖော်နိုင်သူက စစ်မှန်ကာ အရည်ကိုသာ ဖော်စပ်နိုင်သူက မစစ်မှန်ပေ။
စစ်ဆေးမှု အောင်သွားတဲ့ ဆေးတွေကို ရန်ဒန်ဟု ခေါ် သည်။ ထိုဆေးကို သုံးမျိုးသုံးစားခွဲထားလေသည်။ ရန်ဒန်အားလုံးကို သိုင်းပညာရှင်များက အသုံးပြုလေသည်။
ကူဇိုး ခေါင်းညိတ်လိုက်သသည်။
ကောင်းတယ်။ ရန်ဒန်ဈေးကွက်က မသေးလှဘူးမလား?
သိုင်းပညာရှင်များကိုလည်း နှစ်မျိုး ခွဲသေးသည်။ ဟောင်တျန်နှင့် ရှန်းတျန် ဖြစ်သည်။ ရှန်းတျန်၏အထက်က မသေနိုင်သူတို့ ဖြစ်လေသည်။ ထိုဘူတွေက သာမန်သူများထက် သာလွန်လေသည်။ သိုင်းပညာရှင်တို့၏အသက်ကို နှစ်ဆတိုးနိုင်သည်။
ဒီက လူတစ်ယောက်၏ သက်တမ်းက တစ်ရာ့ငါးဆယ် ဝန်းကျင် ရှိလေသည်။ နှစ်ဆတိုးလျှင် သုံးရာနီးပါးအထိ အသက်ရှင်နိုင်လေသ်ည။ ဆေးပင်များကို ရှာက စစ်မှန်သောဆေးဆရာ၏ အကူအညီပါလျှင် ထို့ထက် ပိုအသက်ရှင်နိုင်သည်။
သိုင်းပညာရှင်တစ်ယောက် အသက်ပိုရှည်လေလေ မိသားစုကို ကြာရှည်အုပ်ချုပ်နိုင်ကာ ကောင်းမွန်စွာ လေ့ကျင့်ပေးနိုင်သည်။ မျိုးဆက်များမှ မျိုးဆက်တို့က သိုင်းပညာရှင်တစ်ယောက်သည် အံ့မခန်းခွန်အားကို တည်ဆောက်နိုင်လေသည်။
ရန်ဒန်အဆင့်သုံးဆင့်က ဆေးဆရာ၏အဆင့်သုံးဆင့်နှင့် မဆိုင်ချေ။ ထိုအရာက သိုင်းပညာရှင်များ၏အဆင့်များနှင့်သာ သက်ဆိုင်လေသည်။
အဆင့်နိမ့်ဆေးဆရာများက အဆင့်နိမ့်ရန်ဒန်များကိုသာ ဖော်စပ်နိုင်လေသည်။ ထိုအဆင့်နိမ့်ဆေးများက ဟောင်တျန်သိုင်းပညာရှင်များအတွက်သာ သင့်တော်လေသည်။ အလယ်အဆင့်ဆေးဆရာများက အလယ်အဆင့်ရန်ဒန်များကို ဖော်စပ်နိုင်သည်။ အဆင့်မြင့်ဆေးဆရာများက အဆင့်မြင့်ရန်ဒန်များကို ဖော်စပ်နိုင်သည်။ အဆင့်မြင့်ဆေးဆရာများကသာ နတ်ဘုရားအဆင့်ဆေးလုံးများကို ဖော််််််််််််််စပ်နိုင်သော အခွင့်အရေးရှိလေသည်။
YOU ARE READING
ဆေး (ေဆး)
Historical Fictionကူဇိုး : မင်းဖျားနေတာလား? ဂုန်ယိ တျန်းဟန် : မင်းမှာ ဆေးရှိလား? ကူဇိုး : မင်းဖျားနေတာပဲ ဂုန်ယိ တျန်းဟန် : ငါဖျားနေတယ်လို့ ပြောရင် မင်းက ကုပေးမှာလား? ကူဇိုး : ငါ့မှာဆေးရှိရင် မင်းက ယူမှာလား? ဂုန်ယိ တျန်းဟန် : မင်းမှာ ရှိသလောက် ငါလိုချင်တယ် ကူဇိုး : မ...