အပိုင်း ၈ : ရောဂါ

200 50 3
                                    

Unicode Version

အစကတည်းက အမိန့်ပေးထားသည် ထင်သည်။ အပြင်က အိမ်ဖော်လေးက ချက်ချင်းပင် ကူဇိုးကို လမ်းပြပေးသည်။ သူ့ကို အခန်းတစ်ခန်းထဲသို့ ခေါ်သွားကာ ဝင်ရန် ပြောလေသည်။

သူဝင်လာတော့ အရာအားလုံးက ဆေးဖော်ရာ၌ သုံးသော ပစ္စည်းများကို ထားရှိထားလေသည်။ အခန်းကတော့ မဆိုးလှ။ နှိုင်းယှဥ်ရရင်တော့ ချီမိသားစုက ပြေလည်သောမိသားစု တစ်စုသာ ဖြစ်လေသည်။

ဂုန်ယိတျန်းဟန်က ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားလေသည်။ မဖတ်ရသေးသော စာရွက်စာတမ်းများဖြင့် ပြည့်နေသော ခုံပေါ်၌ ထိုင်နေသည်။ သူ့ဘေး၌ လူငယ်လေးတစ်ယောက်က ထိုင်နေသည်။ သူ့ပုံက တောင့်တင်းကာ တသမတ်တည်း ဖြစ်လေသည်။ ပထမအကြည့်တစ်ချက်မှာတင် "သစ္စာရှိ လူယုံ"ဆိုသော စကားကို ပေါ်လာစေသည်။

ကူဇိုးဝင်လာတော့ ဂုန်ယိတျန်းဟန်က စုတ်တံကို ချကာ ကြည့်ပြီး ပြုံးလိုက်သည်။ သူ့အသံက ညင်သာစွာဖြင့် "အားဇို နိုးပြီလား? ထိုင်လေ"

သူ့အပြုံးက အခန်းကိုတောင် တောက်ပစေသည်။ မျက်နှာက... လရောင်မပါသောငြား ချောမောမှုက အပြည့်။

ကူဇိုး အကြာကြီး စိုက်မကြည့်ရဲကာ သူ့ရှေ့မှာ ထိုင်လိုက်သည်။ "သခင်လေး ဂုန်ယိ"

ဂုန်ယိတျန်းဟန်က ရယ်ကာ "ငါမင်းကို အားဇိုလို့ ခေါ်နေပြီပဲ။ မင်းလည်း ငါ့ကို ငါ့နာမည်ကိုပဲ ခေါ်လေ?"

ကူဇိုးက ထိုအရာကို တွေးခဲ့သည်။ သူ့ကာကွယ်သူက နားလည်လိမ့်မည်ဟု သိသော်လည်း သူလက်လတ်စပယ် မပြုမူရဲ။ ထို့ကြောင့် သူက "သခင်လေး တျန်းဟန်"

ဂုန်ယိတျန်းဟန်က တည့်ထိုးပင် မေးလိုက်သည်။ "မင်း ငါ့ကို ကုသနိုင်တယ်ဆို? တကယ်ပဲလား?"

အစက ကူဇိုးက သူ့system အကြောင်းကို ဝန်ခံချင်ခဲ့သည်။ သို့သော် သူ့ကာကွယ်သူက သူ့ကျန်းမာရေးအကြောင်းကို ပိုသိချင်နေသည်ဆိုတော့... ဒါက ပုံမှန်ပဲလေ။ အဆုံးမှာတော့ သူကုသနိုင်သည်ဆိုတာကို ရှင်းပြရန် ခက်ခဲလှသည်။

ထို့နောက် ကူဇိုးက တိတ်ဆိတ်နေသော လူငယ်လေးကို ကြည့်လိုက်သည်။

ဆေး (ေဆး)Donde viven las historias. Descúbrelo ahora