Unicode Version
ထိုအချိန်၌ ဂုန်ယိတျန်းယန်က ပြိုင်ပွဲနေရာသို့ ခုန်သွားလိုက်သည်။
ငယ်ရွယ်ပြီး ကလေးဆန်သောအသွင် ရှိသော်လည်း သူ၏ဟန်က ပြတ်သားမှုအပြည့်။
ကူဇိုးက သူ့အထက်မှ မှတ်ချက်ပေးသံကို ကြားလိုက်ရသည်။
"ယန်အာက နည်းနည်း လိုနေသေးတယ်..."
"သနားစရာပဲ။ ဟန်အာသာ သိုင်းပညာကို လေ့ကျင့်နိုင်ရင် ဒီလောက်ဆိုးမှာ မဟုတ်ဘူး"
"ပြောတာကို ရပ်လိုက်တော့။ ယန်အာရဲ့ ဝိဉာဏ်ကြောက အရမ်းကောင်းတယ်"
"တခြားမိသားစုက ထူးချွန်တဲ့ကလေးတွေနဲ့ ယှဉ်လိုက်ရင်တော့ သူက နည်းနည်း အောက်ရောက်နေတယ်..."
"မိသားစုအခွဲတွေမှာလည်း တော်တဲ့မျိုးဆက်တချို့ ရှိတယ်"
"သူတို့က ယန်အာထက် အနည်းငယ် ပိုတော်ပေမဲ့လည်း တခြားမိသားစုကလူတွေနဲ့ ယှဥ်လိုက်ရင်တော့ အားလုံးက လိုကို လိုနေသေးတယ်။ ငါတို့ ဂုန်ယိမိသားစုက သင့်တော်တဲ့သူ တစ်ယောက်ကိုတောင် မရှာနိုင်ဘူး"
"အိုက်ယား ခက်ခဲတယ်... ခက်ခဲတယ်"
ကူဇိုးက ထိုစကားများကို နားထောင်ပြီးနောက် အကြံတစ်ခုကို ရလိုက်သည်။
မိသားစုငါးခုက အချင်းချင်း တိုက်ခိုက်နေကြကာ မျိုးဆက်သစ်များဆီမှ ငယ်ရွယ်သော လူတော်များကို မှီခိုနေရသည်။ သူတို့က ဘယ်သူ့ဆီကိုမှ မရှုံးချင်ကြ။
အဖြစ်အပျက်က ဒီလို မိသားစုငါးခုမှာ လူတွေက အများကြီး ဒါကြောင့် အရင်းအမြစ်တွေကို လိုအပ်နေသည်။ ထို့ကြောင့် မျိုးဆက်တိုင်း မိသားစုတိုင်းမှာ အတော်ဆုံးထဲမှ အတော်ဆုံး ပါရမီရှင်များထဲမှ ပါရမီရှင်တစ်ယောက် ရှိရန်ဖြစ်သည်။ ပထမ အခက်အခဲက အသေပိတ်ထားသော အခန်းထဲ၌ လူ့ဘီလူးများ ရှိနေသလိုပင်။ မိသားစုများက အခွင့်အရေးများနှင့် အကျိုးအမြတ်များအတွက် တိုက်ယူနေရသည်။ ဒုတိယအခက်အခဲက သခင်ငယ်လေးသာ မထင်မှတ်ထားသော မတော်တဆတစ်ခုကို ကြုံရပါက အစားထိုးနိုင်ရန် လိုသည်။
VOUS LISEZ
ဆေး (ေဆး)
Fiction Historiqueကူဇိုး : မင်းဖျားနေတာလား? ဂုန်ယိ တျန်းဟန် : မင်းမှာ ဆေးရှိလား? ကူဇိုး : မင်းဖျားနေတာပဲ ဂုန်ယိ တျန်းဟန် : ငါဖျားနေတယ်လို့ ပြောရင် မင်းက ကုပေးမှာလား? ကူဇိုး : ငါ့မှာဆေးရှိရင် မင်းက ယူမှာလား? ဂုန်ယိ တျန်းဟန် : မင်းမှာ ရှိသလောက် ငါလိုချင်တယ် ကူဇိုး : မ...