Unicode Version
ကျောက်မြတ်ကောင်းကင်ဝန်းမှ လျှို့ဝှက်ခန်းတစ်ခုထဲရှိ ဆေးအိုးအသေးလေးတစ်ခုရှေ့၌...
နူးညံသော လူငယ်လေးတစ်ယောက် ခြေချတ်ထိုင်ကာ သူ့လက်နှစ်ဖက်က မြောက်များစွာသော စည်းတံဆိပ်တို့ကို ပြုလုပ်နေကာ အရာအားလုံးကို ဆေးအိုးထဲသို့ ပစ်ထည့်နေသည်။ ထို့နောက် ဆေးအိုးထဲမှ လတ်ဆက်သော အမွေးရနံ့တစ်ခု ထွက်ပေါ်လာသည်။
ထိုနူးညံ့သော လူငယ်လေးက လက်ကို မြောက်ကာ "ရစေ"
ထို့နောက် ဆွဲဆောင်မှုရှိစွာ တောက်ပနေသော ဆေးလုံး၁၆ လုံးက ကျောက်စိမ်းပုလင်းထဲသို့ ဝင်သွားကာ ခေါင်းလောင်းသံများ ထွက်ပေါ်လာလေသည်။
လူငယ်လေးက ဘူးသီးခြောက်အကြီးတစ်ခုကို ယူကာ ဆေးကို အထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူက ဘေးမှ ဆေးပင်များကို ယူကာ တူညီသော ဆေးအိုးထဲသို့ ပစ်ထည့်လိုက်ပြန်သည်။
ထို့နောက် မီးက ပြန်၍ လောင်ကျွမ်းကာ ရေဆူသောအသံများကို ကြားရလေသည်။
လူငယ်လေး၏ လှုပ်ရှားမှုများက လွင့်မျောနေသော တိမ်များကဲ့သို့ စီးဆင်းနေသောရေကဲသို့ ချောမွေ့ကာ ကျွမ်းကျင်လေသည်။ သို့သော်လည်း တစ်ယောက်ယောက်က သူ့နားကပ်ကာ သေချာကြည့်လျှင် သူ၏ လှုပ်ရှားမှုများက တုန့်ဆိုင်းနေကာ ချောချောမွေ့မွေ့မရှိလှ။ သိသာစွာပင် သူ့စိတ်က ဆေးဖော်စပ်ခြင်း၌ ရှိမနေချေ။
ဆေးလုံးများကို ငါးကြိမ် အပျက်အစီးမရှိ ဖော်စပ်ပြီးချိန်၌ လူငယ်လေး၏ လက်များ ရပ်တန့်သွားလေသည်။ သူက မတ်တပ်ရပ်ကာ အခန်းထောင့်မှ အရိပ်ကို သွားမေးလေသည်။ "သခင်လေး တျန်းဟန် ပြန်မလာသေးဘူးလား?"
ထိုစဥ် သန်မာပြီး ခန္ဓာကိုယ်သွယ်ကာ အနက်ရောင်အဝတ် ဝတ်ထားသော အရိပ်တစ်ခုက ထွက်ပေါ်လာသည်။
သူက 'နဂါးနှစ်'ပင်။ တျန်းဟန်၏ တျန်းလုံအစောင့်တပ်မှ ဖြစ်လေသည်။ သူ၏ နေရာက နဂါးတစ်၏ လက်အောက်ခံ ဒုတိယခေါင်းဆောင် ဖြစ်လေသည်။ အစက နဂါးတစ်ကတျန်းဟန်၏ လူယုံတော်အဖြစ် ဘေး၌ နေသည်။ သူတို့ အပြင်ထွက်ချိန်၌ နဂါးနှစ်က ကူဇိုး၏ ကိုယ်ရံတော်အဖြစ် နေရသည်။
KAMU SEDANG MEMBACA
ဆေး (ေဆး)
Fiksi Sejarahကူဇိုး : မင်းဖျားနေတာလား? ဂုန်ယိ တျန်းဟန် : မင်းမှာ ဆေးရှိလား? ကူဇိုး : မင်းဖျားနေတာပဲ ဂုန်ယိ တျန်းဟန် : ငါဖျားနေတယ်လို့ ပြောရင် မင်းက ကုပေးမှာလား? ကူဇိုး : ငါ့မှာဆေးရှိရင် မင်းက ယူမှာလား? ဂုန်ယိ တျန်းဟန် : မင်းမှာ ရှိသလောက် ငါလိုချင်တယ် ကူဇိုး : မ...