အပိုင်း ၁၂ : ကြောက်စရာကောင်းသော ဆေးလုံး

192 47 3
                                    

Unicode Version

ဂုန်ယိတျန်းဟန်က ကူဇိုးကို ကြည့်ကာ ကူဇိုးက နောက်ထပ် ဆေးလုံးကို ထပ်ဖော်ရန် ပြင်နေသည်။ ထို့ကြောင့် သူ့ကို မနှောက်ယှက်တော့။

ဒီကလေးက ဒုတိယတစ်ကြိမ်၌လည်း ပထမတစ်ကြိမ်လိုပင် အချိန်တိုတိုသာ ယူလေသည်။ ချီစွမ်းအင်ထုတ်လုပ်ခြင်းဆေးလုံးများကို ဖော်စပ်သောအလျင်က တစ်ကြိမ်ထက် တစ်ကြိမ် ပိုမြန်လာသည်။

နောက်တစ်ခေါက်များက ပထမဆေးလုံးဆယ့်ခြောက်လုံးနှင့် ယှဥ်လျှင် ပိုပိုကောင်းလာသည်။ အချိန်ကလည်း ပိိုပုတိုလာသည်။

ဒီကလေးက ဂုန်ယိတျန်းဟန်အတွက် အဆုံးမရှိအောင် စိတ်ပျော်ရွှင်လာအောင် လုပ်ပေးနိုင်ကာ သူ၏ တိုးတက်မှုကို မျက်မြင် သတိထားမိနိုင်သည်။ သူ့အတွက် ပိုက်ဆံသုံးခြင်းက အလကားတော့ ဖြစ်မသွားချေ။

တတိယအကြိမ် ဖော်စပ်ပြီးနောက် ကူဇိုး၏နဖူးက ချွေးတို့ဖြင့် စိုရွှဲနေသည်။ အချိန်နည်းနည်းလေးသာ ကုန်ဆုံးသွားသည်ဟုထင်နေမိကာ ဆေးထပ်ဖော်နိုင်သေးသည်ဟု ခံစားမိသည်။ သို့သော် သူဆက်မလုပ်ခင်မှာပဲ သူရပ်သွားသည်။

သူမသိခင်မှာပဲ ဂုန်ယိတျန်းဟန်က ကူဇိုးအနောက်ကို ရောက်နေကာ လက်တစ်ဖက်က သူ့ပုခုံးကို ကိုင်လာသည်။ သူအသံက အရမ်းကို နူးညံ့နေကာ "အားဇိုး မင်းပင်ပန်းနေပြီ။ ကိုယ့်ကိုယ်ကို အတင်းဒဏ်ရာရအောင် မလုပ်ပဲ နားလိုက်ဦး"

ကူဇိုး၏မျက်ခုံးများ ကျုံ့သွားကာ "သခင်လေး တျန်းဟန် ကျနော် ဆက်ပြီး..."

ဂုန်ယိတျန်းဟန်က အနည်းငယ်ရယ်ကာ သူ့စကားများက အရမ်းကို နူးညံ့လှသည်။ "ငါအလျင်မလိုပါဘူး။ မင်းအရမ်းကို စိတ်မရှည်နေရင် နောက်ကျရင် အဆင့်တက်တာမှာ အခက်အခဲတွေ ရှိလာလိမ့်မယ်... ပြီးတော့ မင်းငါ့ကို ကုသရဦးမယ်လေ"

ကူဇိုးက တုန့်ပြန်လေသည်။ ဟုတ်သားပဲ ရေတို၌ရသော အကျိုးအမြတ်ကို မကြည့်သင့်။ သူအလုပ်လုပ်ခဲ့သော ပုံနှင့်ယှဥ်လျှင် ထိုအရာက အနည်းငယ်သာ ဖြစ်လေသည်။ အလုပ်၌ ဒဏ်ရာရလျှင် အရမ်းကို စိတ်ရှုပ်စရာကောင်းသည်။

ဆေး (ေဆး)Where stories live. Discover now