အပိုင်း (၄၂) အနိုင်ရခြင်း/ အႏိုင္ရျခင္း

215 23 0
                                    

Unicode Version

တျန်းဟန်သည် လက်မောင်းကို ဆန့်ထုတ်လိုက်ကာ ပြင်းထန်သောအဟုန်ဖြင့် လက်သီးချက်တစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထိုပေါက်ကွဲမှုက ကျွဲရုပ်ဆိုးလက်‌သည်းလေ လာသောအခါ ဖြစ်ပွားပြီး အရိပ်လက်သည်းကို လွင့်ထွက်သွားစေသည်။

ကျွဲရုပ်ဆိုး၏ အရှိန်က မြန်ဆန်ကာ လူများက သူ၏ ကျန်ခဲ့သော အရိပ်များကိုသာ မြင်ရသည်။ အရင်က အကြိမ်တိုင်း သူ၏ ပြိုင်ဖက်က အခွင့်အရေးကို မဖမ်းနိုင်သောအခါ သူ့ထက်မြန်သောအခါ သူ၏ ပထမဆုံးတိုက်ကွက်ဖြင့် စုတ်ဖြဲပစ်လေသည်။ ရှောင်ချိန်ရ၍ အရိုးနှင့်အသားကို စုတ်မဖြဲပစ်နိုင်ရင်တောင်မှ အရိုးပေါ်စေသော ဒဏ်ရာများကို ပေးကာ လက်သည်းလေးတိုက်ကွက်ကြောင့် အတွင်း၌ ဒဏ်ရာရစေသည်။

သို့သော်လည်း ဒီတစ်ခေါက် လည်သည်းလေတိုက်ကွက်ကို ဖော်ထုတ်ချိန်တွင် ပေါက်ကွဲမှုဖြစ်သွားကာ ဂုန်ယိတျန်းဟန်ကို ဒဏ်ရာရစေရန် ကျရှုံးသွားသည်သာမက ချုံခိုတိုက်ကွက်ကြောင့် အံ့အားသင့်သွားကာ သွေးတစ်လုပ်ထွေးထုတ်လိုက်သည်။

ကျွဲရုပ်ဆိုးက အံ့အားသွားကာ "မင်း မင်း မင်း အရမ်းသန်မာလွန်းတယ်"

ဂုန်ယိတျန်းဟန်က လက်ကို ခါယမ်းကာ "ဒီမင်းသား ကျင့်ကြံနေတဲ့ သိုင်းကျင့်စဥ်ကို မင်းလိုလူက မြင်နိုင်မှာ မဟုတ်ဘူး။ မင်းရဲ့ ဂုဏ်သတင်းက ကြီးမားပေမဲ့ ဒီမင်းသားလက်ထဲမှာ မင်းက သေးငယ်တယ်"

ကျွဲရုပ်ဆိုး၏ မျက်နှာက မည်းမှောင်သွားသည်။

ဒီလူက ဘယ်သူလဲ? သူ့မှာ သေခြင်း‌ရှင်ခြင်း တိုက်ပွဲ အတွေ့အကြုံတွေ အများကြီးရှိတယ်။ ဒီအစ်ကိုကြီးရဲ့ လက်ထဲမှာ ရှုံးနိမ့်သွားရင် တကယ့်ကို ရှက်စရာဖြစ်လာမှာပဲ။

ကျွဲရုပ်ဆိုးက ခွန်အားကို စုစည်းလိုက်ကာ အရင်ကထထက် ပိုတည်ငြိမ်သွားသည်။

သူ၏ အမြင်တွင် အခုဖြစ်ပျက်သွားသောအရာက သူ့အတွက် မဟာရှုံးနိမ့်မှုကြီး ဖြစ်ကာ ဒီသခင်လေးက ထိုတိုက်ကွက်ကို ခုခံနိုင်သည်မှာ သူကျင့်ကြံနေသော သိုင်းကျင့်စဥ်က မြင့်မာလွန်းသောကြောင့်ဟုသာ တွေးလေသည်။ သူကို တစ်ကြိမ် နှစ်ကြိမ်မက ပြိုင်တိုက်နိုင်သော လူမျိုးကို မတွေ့ဖူးချေ။ ထိုလူက သူ့လက်ထဲ၌ မသေသေးချေ။ ဒီတစ်ကြိမ်မှာတော့ အလျှော့မပေးတော့ချေ။

You've reached the end of published parts.

⏰ Last updated: Aug 23, 2022 ⏰

Add this story to your Library to get notified about new parts!

ဆေး (ေဆး)Where stories live. Discover now