အပိုင်း ၁၆ : မိသားစုပြိုင်ပွဲ / မိသားစုၿပိဳင္ပြဲ

176 42 3
                                    

Unicode Version

ခန်းမထဲ၌ လေ့ကျင့်ရေးကွင်း ရှိသည်။ မြေပေါ်၌ ခြေချိတ်ထိုင်နေသော အသက် ၇၀ ၈၀အရွယ် လူအိုကြီးတစ်ယောက် ရှိသည်။ သို့သော် သူ၏ ပုံသဏ္ဋန်က အရပ်ရှည်ပြီး ထက်မြက်သည့်ပုံ ဖြစ်သည်။ သူ၏ မျက်ခုံးကြားနေရာ၌ ခရမ်းရောင်တိမ်ကွက်တစ်ခုရှိကာ သူ၏မျက်လုံးများက နတ်ဘုရားအလင်းကဲ့သို့ တောက်ပနေသည်။ သူ၏ ကျင့်ကြံရေးအဆင့် မြင့်မားသည်မှာ သိသာထင်ရှားလေသည်။

သူရဲ့ ပုံက... အရင် ကူဇိုးတွေ့ခဲ့ဖူးတဲ့ သိုင်းပညာရှင်တွေနဲ့ လုံးလုံး ကွဲပြားနေသည်။

သူတို့ ဝင်လာပြီးနောက် ကူဇိုးက နဂါးတစ်နောက်သို့ ထပ်ကြပ်မကွာ လိုက်ကာ နံရံနှင့် ကပ်ရပ်လိုက်ပြီး သူ၏ တည်ရှိမှုကို သတိမထားမိစေရန် ရပ်တန့်နေလိုက်သည်။

စစချင်းမှာတုန်းက လူအိုကြီး၏ မျက်နှာက ကြောက်စရာကောင်းလှသည်။ သူတို့၏ မိသားစုမှ တျန်းဟန်ကို ကြည့်ပြီးနောက် တောက်ပသော အပြုံးတို့က ထွက်ပေါ်လာသည်။ "တျန်းဟန် ပြန်လာပြီလား? ဒီအဖိုးကတော့ သေပြီးတော့ နတ်ပြည်ကို ရောက်နေပြီလို့တောင် ထင်နေတာ"

သူ၏ အလုပ်ရှင်မှ လွဲ၍ သူ၏ အငယ်လေးများကလည်း သက်သောင့်သက်သာ ဖြစ်နေဟန် ပေါ်သည်။

ဂုန်ယိတျန်းဟန်၏ မျက်နှာက အနည်းငယ် အကူအညီမဲ့နေသလို ဖြစ်နေသည်။

ထို့နောက် ဂုန်ယိမိသားစုက ကူဇိုးအား အံ့အားသင့်စေသော အရာတစ်ခုကို လုပ်လိုက်သည်။

မထင်မှတ်ပဲ အားလုံး... ကြမ်းပြင်ပေါ် ထိုင်လိုက်ကြသည်။

သူ့ရဲ့ အလုပ်ရှင်ရောပဲပေါ့။

သေချာတာပေါ့ သူ့အလုပ်ရှင်ရဲ့ နတ်ဘုရားအသွင်အပြင်ကြောင့် သူ့အမူအရာအားလုံးတို့က အရမ်းကို အထက်တန်းဆန်ကာ ကြည့်ကောင်းလှသည်။

အရင်က ကူဇိုး သူ၏ ရုပ်အသွင်အပြင်ကိုပဲ ကြည့်ကာ မဆုံးဖြတ်ရဲခဲ့။ အတွင်းခန်းမကို ဝင်ပြီးနောက် သူက သူ့အလုပ်ရှင်၏ မိသားစုကို အလင်းအလျင်နှင့် ကြည့်လိုက်သည်။

သံသယမရှိစွာပင် ဒီမိသားစုမှ လူများက လှပသော မိန်းမပျိုလေးများကို ‌လက်ဆက်ထားကြသည်။ ကောင်းသော မျိုးနွယ်တော့ကြောင့် အားလုံးတို့၏ ရုပ်သွင်က အပြစ်အနာအဆာ မရှိကြ။ သူတို့အားလုံး ငယ်စဥ်ကပင် သိုင်းပညာကို လေ့ကျင့်ခဲ့ကာ အားလုံး၏ စိတ်က ဆိုးဆိုးဝါးဝါးတော့ မဟုတ်ချေ။

ဆေး (ေဆး)Donde viven las historias. Descúbrelo ahora