အပိုင်း (၂၈) : နဂါးပြာ ကုန်သည်အဖွဲ့/ နဂါးျပာ ကုန္သည္အဖြဲ႕

129 24 0
                                    

Unicode Version

နဂါးပြာ ကုန်သည်အဖွဲ့ ၏ အတွင်းခန်း၌.....

လှပသောအမျိုးသမီးတစ်ဦးက လက်ထဲ၌ စာရင်းစာအုပ်ကို ကိုင်ထားကာ မျက်ခုံးကို ပင့်လိုက်ပြီး "တာဝန်ခံချန်း အခုတလော အဲ့လူ လာသေးလား?"

သူမရှေ့၌ အနည်းငယ် ဝသော လူလတ်ပိုင်းအရွယ် တာဝန်ခံက ဦးညွတ်လိုက်သည်။ လေးစားသော အသံဖြင့် "လာပါတယ် အဓိကတာဝန်ခံ ကျင်း"

အဓိကတာဝန်ခံ ကျင်း၏ လှပသော မျက်လုံးများက အရောင်တောက်သွားသည်။ "ဒါဆို ပမာဏက?"

တာဝန်ခံချန်းက "အရည်အသွေးညံ့တာက နည်းသွားပြီး အရည်အသွေးကောင်းတာတွေက တိုးလာပါတယ်"

သူက ထိုအကြောင်းကို တွေးကာ ငြင်သာစွာဖြင့် "ကျနော်တို့ နည်းလမ်းရှာပြီး...."

အဓိကတာဝန်ခံကျင်းက စာရင်းစာအုပ်ကို ကျောက်စိမ်းကဲ့သို့ သွယ်လျှ လှပသော လက်ချောင်းတို့ဖြင့် နောက်တစ်မျက်နှာသို့ လှန်လိုက်သည်။ နောက်ဆုံး၌ သူမက ခေါင်းကို ခါကာ "အဲ့လူရဲ့ နောက်ခံက အရမ်းကို နာမည်ကြီးတဲ့ ဆေးဆရာတစ်ယောက် ပါကိုပါရမယ်။ သူတို့က သူတို့ရဲ့ တကယ့်ပုံရိပ်ကို ဖုန်းထားချင်တဲ့အတွက် ကျမတို့ကလည်း သူတို့ကို သွားရန်မစသင့်ဘူး။ သူတို့က ကျမတို့ နဂါးပြာကုန်သည်အဖွဲ့ကို ရွေးချယ်ခဲ့တယ်။ အဲ့တာက သူတို့က ကျမတို့ကို ယုံကြည်ပြီး ကျမတို့ရဲ့ အစွမ်းကို အသိအမှတ်ပြုလို့ပဲ။ ကျမတို့ သူတို့ကို လိုက်ပြီး စုံစမ်းလိုက်တာက သူတို့ကို တခြားသူတွေဆီကို တွန်းပို့လိုက်သလို ဖြစ်သွားမယ်... ကျမတို့ နဂါးပြာကုန်သည်အဖွဲ့က ဘာစိန်ခေါ်မှုကိုမှ မကြောက်ပေမဲ့လည်း ကျမတို့ ဒီလို အစွမ်းထက်တဲ့ ဆေးဆရာမျိုးကို လုံးဝ သွားမစရဘူး"

တာဝန်ခံချန်းကလည်း ထိုအရာကို ထောက်ခံသည်။ "အဓိကတာဝန်ခံရဲ့ စကားတွေက ကျိုးကြောင်းသင့်လှပါတယ်။ ဒီလူအိုချန်း နားလည်ပါပြီ"

အဓိကတာဝန်ခံကျင်းက ခဏလောက် ထိုအရာကို စဥ်းစားပြီးနောက် ပါးစပ်ကို ဖွင့်လိုက်ကာ "အဲ့လူ ရောက်လာရင် အကောင်းဆုံးအခန်းထဲကို ခေါ်လာပြီး နောက်လေလံပွဲမှာ သူတို့ကို ဖော်ပြမယ်။ သူတို့ကို လူတွေအများကြီး စိတ်ဝင်စားကြမယ်လို့ ကျမယုံကြည်တယ်။ ကံစမ်းချင်တဲ့လူတွေအတွက်တော့ ကျမတို့ ဘာမှလုပ်စရာမလိုဘူး။ အဲ့ဒီဆေးဆရာသာ အန္တရာယ်တွေကြားထဲ ရောက်နေရင်တော့ ကျမတို့ နဂါးပြာကုန်သည်အဖွဲ့က လိုလိုလားလားနဲ့ ကူညီပေးမယ်"

ဆေး (ေဆး)Where stories live. Discover now