Unicode Version
ဂုန်ယိတျန်းဟန်၏စိတ်က ဆေးလုံးဖော်စပ်ခြင်းနည်းများကြောင့် ရှုပ်ထွေးလာသည်။ ကူဇိုးက ပြီးသွားသော ရှေးစာအုပ်နှစ်အုပ်ကို ဘေးသို့ ချလိုက်သည်။ နူးညံ့သောအသံဖြင့် သူက "ဒီတစ်ခုပဲ"
ဂုန်ယိတျန်းဟန် ခေါင်းကို ချက်ချင်းထောင်လာသည်။
ကူဇိုး၏ အပြုံးက နားချိတ်တော့မတတ်ပင်။ <<လူသားအဆင့်ဆေးဖက်ဝင်ဟင်းလျာများ>>စာအုပ်ကို ဖွင့်ပြကာ သူ့ကာကွယ်သူကို ပြလေသည်။ "သခင်လေး တျန်းဟန် ဒါကိုကြည့်။ သခင်လေး ရောဂါလက္ခဏာနဲ့ မတူဘူးလား?"
ဂုန်ယိတျန်းဟန်၏နှလုံးက စိတ်လှုပ်ရှားမှုကြောင့် ခုန်ထွက်မတတ် ခုန်နေကာ မျက်နှာကတော့ တည်ငြိမ်နေသည်။
နောက်ဆုံးတော့ နည်းကိုတွေ့ပြီ။
(ဓာတ်ကြီးငါးပါးပါ အမယ်ရှစ်မျိုး)
ပထမအရသာ : နှလုံးကို အားဖြည့်ပေးသော ဟင်းလျာ
ဒုတိယအရသာ : အဆုတ်ကို အားဖြည့်ပေးသော ဟင်းလျာ
တတိယအရသာ : အသည်းကို အားဖြည့်ပေးသော ဟင်းလျာ
စတုတ္တအရသာ : သည်းခြေကို အားဖြည့်ပေးသော ဟင်းလျာ
ပဥ္စမအရသာ : ကျောက်ကပ်ကို အားဖြည့်ပေးသော ဟင်းလျာ
ဆဌမအရသာ : အစာအိမ်နှင့်ဆိုင်ရာငါးမျိုးကို အားဖြည့်ပေးသော ဟင်းလျာ
သတ္တမအရသာ : ခြောက်မျိုးသော အူတို့ကို အားဖြည့်ပေးသော ဟင်းလျာ
အဌမအရသာ : သဘာဝ၏လိုက်ဖက်ညီမှု ဟင်းလျာ
လူနာ၌ ပြသော လက္ခဏာများ : မန်ရိဒျန်အားနည်းခြင်း၊ ဓာတ်ကြီးငါးပါး မညီမျှခြင်း၊ ကလီစာအားနည်းခြင်း
ဆေးအာနိသင် : အတွင်းကလီစာများကို ဖြေးဖြေးချင်း အားဖြည့်ခြင်း၊ မန်ရိဒျန်များကို အားဖြည့်ခြင်း၊ မကိုက်ညီမှုများကို ပြန်ပြင်ခြင်းနှင့် နာကျဥ်မှုကို ခံစားရခြင်း
ရောဂါ၏ဆိုးကျိုးများ : တျန်းဒူကိုယ်၏ ပထမအဆင့် (မှတ်ချက် အလွန့် အလွန်ကို ရှားပါးလှသည်)
YOU ARE READING
ဆေး (ေဆး)
Historical Fictionကူဇိုး : မင်းဖျားနေတာလား? ဂုန်ယိ တျန်းဟန် : မင်းမှာ ဆေးရှိလား? ကူဇိုး : မင်းဖျားနေတာပဲ ဂုန်ယိ တျန်းဟန် : ငါဖျားနေတယ်လို့ ပြောရင် မင်းက ကုပေးမှာလား? ကူဇိုး : ငါ့မှာဆေးရှိရင် မင်းက ယူမှာလား? ဂုန်ယိ တျန်းဟန် : မင်းမှာ ရှိသလောက် ငါလိုချင်တယ် ကူဇိုး : မ...