အပိုင်း ၄ : Escaping the Qi Family

224 49 0
                                    

Unicode Version

ချွေအီက ကြာကြာမနေချေ။ "သခင်လေး အခုလို ဖြစ်ပေမဲ့ ချီမိသားစုက မမေ့ပါဘူး။ ကောင်းကောင်းစား ကောင်းကောင်းအိပ်ပြီး ရင်ထဲက နာကျည်းမှုတွေကို ဖြေလျော့လိုက်နော်။" ဟုဆိုကာ သူမထွက်သွားလေသည်။ ချီမိသားစု၏ဂုဏ်ကို ထိန်းရမည်ဟုသော မပြောသွားချေ။ သို့သော်ငြား သူမစိတ်ရင်းကိုတော့ မဖုန်းကွယ်နိုင်ခဲ့။

ကူဇိုးက ချီတျန်းယူလိုမျိုး သူတောင်စင် မလုပ်နိုင်ချေ။ သူသာ အခုလို ကြုံတွေ့ရလျှင် သူမစကားများကိုသာ အရှက်မရှိပြန်ပြောလိုက်ရန် အခွင့်ကောင်းပင်။

ချီမိသားစုရဲ့ အစေခံကတောင် စိတ်ပျက်စရာကောင်းတဲ့ စိတ်နေစိတ်ထားရှိတယ်။ ရိုးရိုးသားသားပြောရလျှင် ချီတျန်းယူ၏တိုးတက်မှုအတွက် ချီမိသားစုက အတော်လေး အားစိုက်ခဲ့သည်။ ချီတျန်းယူက ဆေးရည်များကို ဖော်စပ်နိုင်သဖြင့် သူက အမြတ်များကို ယူဆောင်လာသည်။ ယွမ်ယန်မြို့၌ ချီမိသားစု၏ဂုဏ်က ကောင်းကင်တမျှ ကြီးမားလေသည်။ မြို့၌ အကျိုးအမြတ်များစွာ ရနိုင်သည်။ ရလဒ်အနေနဲ့ အခုက...

ကူဇိုး သူ့နဖူးကို နှိပ်လိုက်သည်။

ချီတျန်းယူ၏မှတ်ဉာဏ်များက သူ့ကို စိတ်ပြန်တိုစေသည်။ ဒါက လုံးဝကို လက်မခံချင်နိုင်စရာပင်။

ထို့နောက် ကူဇိုးက စားပွဲဆီသွားကာ ဟင်းပွဲများကို ကြည့်လိုက်လေသည်။

အသားနှစ်ပွဲ အသီးအရွက်နှင့် ဟင်းရည်တို့ ဖြစ်သည်။ ကြည့်ရတာအဆင်ပြေပေမဲ့ ချီမိသားစု၏ စံချိန်မှီ ဟင်းဆယ်ခွက်နဲ့တော့ ဘာမှမဆိုင်ချေ။

ဘယ်သူက ဂရုစိုက်နေမှာလည်း သူအရမ်းကို ဗိုက်ဆာနေပြီ။ ဗိုက်ပြည့်ရင် တော်ပြီ။

ကူဇိုး မထင်ထားတာက သူဟင်းသီးဟင်းရွက်ပန်းကန်ကို နှိုက်ခါနီး အန္တရာယ်ကို သတိထားမိလေသည်။ ထိုအန္တရာယ်က သူ့ကိုင်ထားသောတူကို ချမိလိုက်အောင်ပင် ဖြစ်စေသည်။

ဒါ အဆိပ်ပါနေတာလား?

ကူဇိုးမျက်နှာ တောင့်တင်းသွားလေသည်။ သူလုံးဝ စားလို့ မဖြစ်ဘူး။ သူက  ပန်းကန်ငါးပန်းကန်ကို ထိလိုက်သည်။ သူ့မျက်နှာက ပိုဆိုးသွားလေသည်။

ဆေး (ေဆး)Where stories live. Discover now