Arc 2.(ep-3) fujoshi ma lay

1.1K 128 4
                                    

Zawgi...

'ကို​လေးကလည်း ဆွန့်​မှ မသိတာ ကိုလို့ ....စားဦးမလား...'

ထိုသို့ ဆိုကာ ရီကျဲကျဲ မျက်​နှာထား နှင့်​ စား​နေ​သော ပန်းကန်​ထဲက ထမင်းကို ​ကော်​ဇွန်းငယ်​ဖြင့်​ ယူကာ ခွင့်​​ကျွေးလိုက်​​လေသည်​ ။ထိုအခါ ချင်းလ်​က ဆွန့်​ရဲ့ ​ခေါင်း​လေးကို လက်​​လေးနဲ့ ဖွဖွ ပုတ်​လိုက်​ပြီး

'ကိုယ်​ဘာသာ ကိုယ်​စားပါ ၀က်​ပုတ်​မ​လေးရဲ့ '

'ဘာဝက်​ပုတ်​မ​​လေး လဲ ...ကို​လေး​နော်​ ဒီလို ဂစ်​တာ shape ​လေးကို ​ပြောရက်​တယ်​...'

'ကဲပါ... နှစ်​​ယောက်​လုံးဆက်​စား​တော့ အကိုဒီမှာ ရှိ​နေမှာ ပဆုရစ်​လဲ တစ်​ခုခုဆို အကိုကို ​ပြောလို့ရတယ်​​နော်​သိလား...'

'ဟုတ်​ကဲ့အကို ချင်းလ်​ '

ဆွန့်​တို​သုံး​ယောက်​ စကားပုလင်​ ဖွဲ့​နေသည်​ကို စပ်​စုပြီး ကြည့်​​နေသူ​တွေ က​တော့ တစ်​ခန်းလုံး လိုလိုပဲ ။ အချို့က​တော့ ဆွန့်​နဲ့ ချင်းလ်​ ​မောင်​နှမမှန်းသိကြသလို အချို့က​တော့ အားကျစိတ်​နဲ့ ကြည့်​နေ​တော့သည်​ ။ထိုထဲတွင်​​တော့ ​ဘယ်​သူမှ မမြင်​နိုင်​တဲ့ ​ထောင့်​တစ်​​နေရာက​နေလှမ်းကြည့်​​နေတဲ့ သူ တစ်​​ယောက်​လည်းရှိ​ပေသည်​ ။

နင့်​သစစ်​ တစ်​​ယောက်​ ​ထိုပွဲကို ​ကျောင်းသား​ကောင်​စီ က ဦး​ဆောင်​ ကျင်းပသည့်​မို့ ​အဖွဲ့​ခေါင်း​ဆောင်​ဖြစ်​သည်​က တစ်​​ကြောင်း အရင်​တုန်းက whole moon ဖြစ်​သည်​က တစ်​​ကြောင်း အ​ကြောင်း​ကြောင်း​ကြောင့်​ ထို ခန်းမထဲ ​ရောက်​​နေခြင်းဖြစ်​သည်။ မိမိ​ရောက်​ချိန်​သည်​ အကတိုက်​​နေချိန်​ဖြစ်​​ပေသည်​ ။ စစခြင်းတုန်းက​တော့ ခဏ ဆိုပြီးလာခဲ့ခြင်းဖြစ်​သည်​ ။ ​ရောက်​လာခြင်းပင်​ မြင်​ကွင်းထဲ ​ရောက်​လာတဲ့ ပုံရိပ်​​လေး တစ်​ခု ။စီးချက်​နဲ့အတူ ​မျောပါ​နေဟန်​ ဆည်းဆာချိန်​ရဲ့ တိမ်​စိုင်​​လေးတစ်​ခု ​လေအလာမှာ ယိမ်းနွဲ့​နေဟန်​ဖြင့်​ က​နေ​သော ​ကောင်​မ​လေးတစ်​​ယောက်​ ။ ​ငေး​ကောင်း​ကောင်းနှင့်​ ​ငေး​နေသည်​မှာ အကတိုက်​လို့ပြီးသွားသည့်​ အချိန်​ထိပင်​ ။ အကပြီး​တော့ သူရဲ့ တွဲဖက်​ဖြစ်​တဲ့ ​ကောင်​​လေးနဲ့ ​ထောင့်​လေးတစ်​​နေရာမှာ စိမ်​​ပြေန​ပြေထိုင်​ကာ နှစ်​​ယောက်​သား ဟင်းလုစား​နေသည်​​လေ ။ သူများ​တွေ​ပြောတာ ကြားမိတာ​တော့ ထိုနှစ်​​ယောက်​က အနှပညာဌာန ကတဲ့​ ။ ဒါဆို ဟိုတစ်​ခါက သူု့ဆီ လင်းအတွက်​ ခွင့်​​တောင်း​ပေးခဲ့သည်​ ​ကောင်​မ​လေးပင်​ ဖြစ်​သည်​ ဆိုတာ နင့်​ သိလိုက်​သည်​ ။ ​နောက်​​တော့ ​ထောင့်​မကျိုး​ကောင်​ ​ရောက်​လာပြီး ဘာ​တွေ​ပြော​နေကြသည်​ မသိ ထို က​လေးမကလည်း သွား​လေးဖြီးကာ ပြုံးလို့ရွှင်​လို့ ။ ဟိုသ​ကောင့်​သားက ​ကောင်​မ​လေးကို သူ့သမီးများ မှတ်​​နေလာပင်​ ​ခေါင်းပင်​ ပုတ်​လိုက်​​သေးသည်​ ။ နင့်​ ကြည့်​ရင်း ဘာကို အလိုမကျသည်​ မသိ စိတ်​အိုက်​လာသည်​ ။ လူတိုင်းနဲ့ပြုံးရွှင်​ကာ လူ​သေ​လောက်​တဲ့ အပြုံး​တွေနဲ့ ​ကောင်​မ​လေးကိုလား ။ ထို ​ကောင်​မ​လေး​ဘေးက နှစ်​​ယောက်​ကိုလားပင်​ မသိ​တော့​ချေ ။ ​ဘေးနားတွင်​ အဖွဲ့က ဒု​ခေါင်း​ဆောင်​ဖြစ်​တဲ့ ချို လာမှပင်​ သတိပြန်​ကပ်​နိုင်​​တော့သည်​ ။

Colourless [System] 💜 Infinity Love 💜 Of Princess Angel And Demon PrinceWhere stories live. Discover now