Arc-9(ep-9)Different changes :gentle and savage

338 39 9
                                        

Zawgi..

'အကိုတွန်​မီ... ဒီ​ရောက်​ပြန်​​ရောက်​​နေတာလားဟင်​... ဘယ်​တုန်းက ​ရောက်​တာလဲ.... မ​တွေ့ရတဲ့ တစ်​လအတွင်း ပိန်​သွားလိုက်​တာ​များ ကြည့်​စမ်းပါဦး... အယ့်​မ​ကောင်းတဲ့ဂိုဏ်းက အကို့ ကို အလုပ်​​တွေအတင်းကြီး ဖိခိုင်း​နေတာလား...ဒါမှမဟုတ်​ ​နေမ​ကောင်းလို့များလား..´

မိမိရဲ့ ​ဘေးနားကိုလာကာ ​မေးခွန်း​တွေ ဇယ်​ဆက်​သလို ​မေး​နေ​တဲ့ ​ကောင်​​လေး​ကြောင့်​တွန်​မီရဲ့ ခဲ​ရောင်​မျက်​၀န်း​လေးက ​နွေး​ထွေးမှု​တွေနဲ့ ပြည့်​နှက်​လာ​ပေသည်​ ။

'​ဖြေး​ဖြေးသက်​သာ ​မေးပါ​ကောင်​​လေးရဲ့ ကိုယ်​ ဘယ်​ဟာကိုစ​ဖြေရမှန်း​တောင်​ မသိ​တော့ဘူး..´

ထိုအခါမှ ​ကော့ပါးက ​ပုခုံးနှစ်​ဖက်​ကိုမြင့်​ကာ ​ခေါင်း​လေးနှိပ်​၀င်​သွား​လေသည်​အထိ သွားဖြူတန်း​များကို ​ဖော်​ပြလိုက်​ရင်း

'ဟီး.. မမြင်​ရတာကြာသွားလို့ ​မေးလိုက်​တာ... ​လော​လောနဲ့ များသွားတယ်​ထင်​တယ်​ sorry...´

'​ကောင်​​လေး ခုဘယ်​သွားမလို့ လဲ....မိုးချုပ်​​နေပြီကို...´

' ကျွန်​​တော်​ ​နေတဲ့​နေရာကို ပြန်​မလို့​လေ...´

'တိုက်​ခန်းက ဟိုဘက်​မှာမဟုတ်​ဘူးလား လမ်းလွဲ​နေတယ်​​လေ...´

တွန်​မီ ​ကောင်​​လေးထိုတိုက်​ခန်းတွင်​မ​နေ​တော့ပဲ ​ကောင်​မ​လေးတစ်​​ယောက်​နဲ့ အတူတူ​နေ​လေသည်​ကို ​သိ​လေ​သော်​လည်း တမင်​သက်​သက်​ ​မေးလိုက်​​လေခြင်းသာ ။ ဘာဆိုဘာမှမသိ​လေတဲ့ ဖြူစင်​လွန်းတဲ့ ​ကောင်​​လေးက​တော့ သ​ဘောရိုးအတိုင်း အကုန်​လုံးကို ပြန်​​ဖြေ​လေသည်​။

'အယ့်​တိုက်​ခန်းမှာမ​နေ​တော့ဘူးအကိုရဲ့... တိုက်​ခန်းပိုင်​ရှင်​က လုံးဝအကျင့်​မ​ကောင်းဘူး​လေ.. တိုက်​ခန်းငှါးခကို နှစ်​ဆ​တောင်​တိုးလိုက်​တယ်​... အကို့တို့ ဂိုဏ်းဆီက ချီးထားရတာကလဲ ဆပ်​ရဦးဆို​တော့ ဆက်​ငှါးဖို့ ၀န်​မတတ်​နိုင်​​တော့တာ..​တော်​​သေးတယ်​လို့​ပြောရမယ်​ အသိအမတစ်​​ယောက်​က အိမ်​မှာ ​ခေါ်ထား​ပေးလို့ ​နေစရာ ဘုံ မ​ပျောက်​တာ သိလား... အယ့်​အမက​လေ အရမ်းသ​​ဘောကျစရာ ​ကောင်းတယ်​ အကို့ကို ကျွန်​​တော်​ ​ပြောဖူးတဲ့ ကျွန်​​တော်​အရမ်းကြိုက်​တယ်​ဆိုတယ်​ဆိုတဲ့ မှုခင်းဝတ္တု​တွေ​ရေးတဲ့ ဆရာမ​လေ... အယ့်​အမနဲ့​တွေ့ဆုံခွင့်​​ပေးတာ ဘုရား​ပေးတဲ့ ကံကြမ္မာပဲ..´

Colourless [System] 💜 Infinity Love 💜 Of Princess Angel And Demon PrinceWo Geschichten leben. Entdecke jetzt