Arc 9(ep-12 ) Different changes :gentle and savage

316 38 6
                                    

Zawgi...

'ဒီလိုနဲ့ အဆုံးသွားတယ်​​ပေါ့...´

ကလဲရာက ​ကော်​ဖီခွက်​​လေးကို လက်​ရည်​ဇွန်း​သေး​သေး​လေးနဲ့ ထိုး​မွေ​နေရင်း​ဘေးနားရှိ​နေတဲ့ ညိုးငယ်​​လေတဲ့မျက်​နှာ​လေးနဲ့ ​ကော့ပါးကို​မေးလိုက်​​လေသည်​ ။
ကော့ပါး စိတ်​ပျက်​လက်​ပျက်​ ပုံစံ​လေး နဲ့ပင်​ ကလဲရာကို​ခေါင်း​လေးညိမ့်​ပြလိုက်​​လေသည်​ ။

ကလဲရာ တစ်​​ယောက်​ ဟန်​တာ အိမ်​တွင်​မနက်​စာ စား​သောက်​ပြီး ကြည်​နူးဖို့်​ကောင်းတဲ့ အချိန်​​လေးတွင်​ဖြတ်​သန်းပြီး​နောက်​တွင်​​တော့ နှစ်​ဦးသား ဆိုင်​​သို့လာခဲ့ဖြစ်​​လေကာ ခုချိန်​သည်​ ​ကော့ပါးက ဖွင်​​ပြောခဲ့ခြင်းရဲ့အဆင်​မ​ပြေဖြစ်​မှုကို ကလဲရာကိုလာ တို​င်​ပင်​​နေတာ ဖြစ်​​လေသည် ။

'ကျွန်​​တော်​ ဘာဆက်​လုပ်​ရမှန်း မသိ​တော့ဘူး... အကိုကို​တွေ့ ရင်​ ရင်​​တွေခုန်​ပြီး ဘာမှ​ပြောထွက်​မှာမဟုတ်​ဘူး..ကျွန်​​တော်​ ဘယ်​လိုဖွင့်​​ပြောရမှန်း မသိ​​တော့ဘူး...´

ကလဲရာ က ​ကော်​ဖီ​လေး ​သောက်​ရင်း တစ်​ချက်​ပြုံးလိုက်​သည်​ ။

' ဒါဖြစ်​တတ်​ပါတယ်​...ကိုယ့်​ အထင်​ မင်း ကိုယ့်​ကိုယ်​ကို.ယုံကြည်​မှုရှိသင့်​တယ်​... ပြီး​တော့ သတ္တိရှိတာ ​ကြောက်​စရာမှမဟုတ်​တာ...´

'ဒါ​ပေမယ့်​...´

'ဒါ​ပေမယ့်​​တွေ လုပ်​မ​နေနဲ့ ကိုယ့်​ကိုယုံ...ဒီ​နေ့ သူဒီညကြိုရင်​ ကိုယ်​သင်​​ပေးသလိုသာ လုပ်​လိုက်​...´

ကလဲရာ ​ကော့ပါးနားကိုကပ်​ ကာ တိုးတိုး တိုးတိုးနဲ့ မဟုတ်​သုတ်​ခ​တွေကို သင်​​ပေး​နေ​လေသည်​ ။ ဘာမှမသိနားမလည်​တဲ့ ​ကော့ပါး က​တော့ ​ခေါင်း​လေးတညိမ့်​ညိမ့်​နဲ့ ကလဲရာကို ယုံကြည်​ကာ အကုန်​လိုက်​မှတ်​​နေ​လေ​တော့သည်​ ။

ကလဲရာ​ရော ​ကော့ပါး​ရော မသိလိုက်​ခြင်း တစ်​ခုက  ခရမ်း​ရောင်​အရင့်​ မျက်​၀န်း တစ်​စုံရဲ့ ​​မီး​တောက်​​လောင်​​နေ​သော စူးရဲတဲ့ အကြည့်​​တွေနှင့်​ ကြည့်​​နေသူ တစ်​စုံတစ်​​ယောက်​ရှိ​နေ​လေသည်​ကို​ပေ ။ ထိုသူသည်​ ပူးကပ်​​နေဟန်ြ​ဖစ်​​လေတဲ့ နှစ်​ဦးသားကို ကြည့်​​လေကာ လက်​ထဲမှာကိုင်​ထား​လေတဲ့ ဖန်​ခွက်​​လေးကို တင်းကြပ်​စွာ ဆုပ်​ကိုင်​ထား​လေသည်​ ။ မသိရင်​ ထိုသူတွင်​ လူသတ်​​စေ​လို​သော အ​ငွေ့အသက်​​​တွေရှိ​နေ​လေသည့်​ အလားပင်​ ။

Colourless [System] 💜 Infinity Love 💜 Of Princess Angel And Demon PrinceOnde histórias criam vida. Descubra agora